Navigation - link to other main sections from here


လူငယ်သွေးလှူရှင်အဖွဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ပထမ အကြိမ် စုပေါင်း သွေးလှူမည်


ဆရာဝန်များ အပါ အဝင် လူငယ်များ နှင့် ဖွဲ့စည်း ထားသော လူငယ် သွေးလှူရှင် အဖွဲ့RAVEN Blood Donor Club က အနာဂတ် မျိုးဆက်သစ် လူငယ်များ သွေးလှူဒါန်း ခြင်း၏ အကျိုးရှိ အရေး ပါပုံကို သိစေ လိုသော ရည်ရွယ် ချက်ဖြင့် ရန်ကုန်မြို့တော်ရှိ သင်္ဃန်းကျွန်း စံပြ ဆေးရုံတွင် ဧပြီလ ၁ ရက်နေ့ ၌ ပထမ အကြိမ် စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ဝင် တစ်ဦး ဖြစ်သော ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။

ယင်း သွေးလှူဒါန်းပွဲကို ယင်းအဖွဲ့၏ တာဝန်ခံ ကိုဖြိုး၏ စီစjavascript:void(0)ဉ်မှုဖြင့် ရန်ကုန် သင်္ဃန်းကျွန်း စံပြ ဆေးရုံတွင် နံနက် ၉ နာရီ၌ စတင် ကျင်းပမည် ဖြစ်ပြီး မည်သူမဆို လာရောက် သွေးလှူဒါန်း နိုင်ကြောင်း၊ ယခု လတ်တလောတွင် ၅ဝ ဦး နီးပါး သွေးလှူဒါန်းရန် မျှော်မှန်း ထားကြောင်း၊ သွေးလှူဒါန်း လိုသူများ ကြိုတင် စုံစမ်းလိုက ဦးရဲဟိန်း ဝ၉-၅ဝ၄၃၃ဝ၂၊ ဦးဟန်ဝင်းအောင် ဝ၉-၅ဝ၆၈၅၅၇ နှင့် ဒေါ်အေးအေးသွယ် ဝ၉-၅၁ဝ၃၂၉ဝ တို့ ထံသို့ ဆက်သွယ် နိုင်ပြီး www.ravenbdc.org သို့လည်း ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း အဆိုပါ အဖွဲ့ထံ မှ သိရသည်။

လူငယ် သွေးလှူရှင် အဖွဲ့RAVEN Blood Donor Club ကို ၂ဝဝ၆ ခုနှစ် ဇူလိုင် လတွင် စတင် ဖွဲ့စည်း ခဲ့ပြီး အခြေခံ ပညာကျောင်းများတွင် ကျန်းမာရေး ဆိုင်ရာ ဟောပြောခြင်း၊ မူလတန်းကျောင်း ခြောက်ကျောင်း နှင့် အလယ်တန်းကျောင်း တစ်ကျောင်း တို့တွင် ခြင်နှိမ် နင်းခြင်း၊ နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးချိန် နောက်ပိုင်းတွင် မုန်တိုင်းဒဏ်ခံ ဒေသများ၌ အိမ်သာ ဆောက်ခြင်း၊ ရေသန့် ရရှိစေရန် ဆောက်ရွက်ခြင်း၊ ရေသန့် ဆေးပြားများ ဝေငှ ပေးခြင်း၊ အဝတ် အထည်၊ အိုးခွက် နှင့် ဆန်များ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့သော အဖွဲ့ ဖြစ်ကြောင်း မတ်လ (၂၂) ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။


၂၄ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats