Navigation - link to other main sections from here


ကုမ္ပဏီ လုပ်ငန်း ၂၀ ခန့် စက်သုံးဆီ အရောင်း ဆိုင်များကို လေ့လာ ခွင့်ရ


စွမ်းအင် ဝန်ကြီး ဌာန ထံသို့ လောင်စာဆီ တင်သွင်း ဖြန့်ဖြူးခွင့် အဆို ပြုလွှာ တင်သွင်း လျှောက်ထားသူ ပုဂ္ဂလိက လုပ်ငန်းရှင်၊ ကုမ္ပဏီကြီး ၂ဝ ခန့်အား နိုင်ငံ တစ်ဝန်းတွင် တည်ရှိသော နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် များကို ပဏာမ အားဖြင့် လေ့လာ ခွင့်ပြု လိုက်ကြောင်း အဆိုပါ လုပ်ငန်း ရှင်ကြီးများ နှင့် နီးစပ်သူ ပို့ကုန် လုပ်ငန်းရှင် ကြီးတစ်ဦး က ပြောကြား သည်။ ဈေးကွက် အတွင်းသို့ လောလောဆယ် ဒီဇယ်ဆီ တင်သွင်း ဖြန့်ဖြူး နေသော လုပ်ငန်းရှင်၊ ကုမ္ပဏီကြီးများ အနက် အမှန် တကယ် လုပ်ငန်း စီမံ ခန့်ခွဲ နိုင်သူ၊ စဉ်ဆက် မပြတ် ဆောင်ရွက် နိုင်သူ၊ လောင်စာဆီ မပြတ် လပ်အောင် တင်သွင်း နိုင်သူဟု စွမ်းအင် ဝန်ကြီး ဌာနက ယူဆ ထားသူ လုပ်ငန်းရှင်၊ ကုမ္ပဏီ ကြီး ၂ဝ ခန့်ကို ထိုသို့ ရွေးချယ်ကာ ပထမ အဆင့် အနေဖြင့် လေ့လာ ခွင့်ပြု လိုက်ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဦးစားပေး အဆင့် အလိုက် ရှိနေသော စွမ်းအင် ဝန်ကြီး ဌာနပိုင် စက်သုံးဆီ အရောင်း ဆိုင်များ ၏ လေလံ ပမာဏကို လောလောဆယ် တရားဝင် မထုတ်ပြန် သေးသော်လည်း တန်ဖိုး စုစုပေါင်း ၏ ၂ဝ ရာခိုင် နှုန်းကို တင်သွင်း ပေးချေ ရမည် ဖြစ်ပြီး ကျန် ၈ဝ ရာခိုင်နှုန်း ကိုမူ နှစ်လ အတွင်း အကျေ ပေးချေ ရမည် ဖြစ်ကြောင်း ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ အတွင်းက နိုင်ငံပိုင် မီဒီယာ များမှ တစ်ဆင့် ထုတ်ပြန် ကြေညာ ထားပြီး ဖြစ်သည်။ မြန်မာ နိုင်ငံ တစ်ဝန်း လုံးတွင် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းပိုင် လောင်စာဆီ အရောင်းဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည်ဟု ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက် နေ့တွင် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာ ခဲ့သည်။


၂၃ . ၃ . ၂၀၁၀ l The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats