Navigation - link to other main sections from here


ထိုင်း ဗီဇာကြေး ပြန်လည်ကောက်ခံနေ


မြန်မာ နိုင်ငံ ဆိုင်ရာ ထိုင်း သံရုံးက ပြည် ၀င်ခွင့် ဗီဇာ ကြေးကို မတ်လ ၅ ရက်နေ့ မှ စတင်ခါ ပြန်လည် ကောက်ခံ နေပြီ ဖြစ်သည်။ "ဗီဇာကြေးက အမေရိကန် ၃၅ ဒေါ်လာ ဖြစ်ပါတယ်။ ထိုင်း ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ် ခွင့်ကို တစ်နှစ် ထပ်မံ တိုးပေးမယ် ဆိုတဲ့ တရားဝင် ညွှန်ကြားချက် လောလောဆယ် မရှိသေးပါ ဘူး"ဟု သံရုံး ဗီဇာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "ကျွန်တော်တို့ ကုမ္ပဏီက စီစဉ် ပေးထားတဲ့ သင်္ကြန်တွင်း ထိုင်းနိုင်ငံကိုသွား လည်ပတ်မယ့် ခရီးစဉ်ကို ၀ယ်ယူ ထားတဲ့ မြန်မာ ခရီးသည် တွေ အတွက် ထိုင်း ပြည်ဝင်ခွင့် ဗီဇာကြေး ၃၅ ဒေါ်လာစီကို ထိုင်းသံရုံးမှာ ဆောင်ထား ပေးရ ပါတယ်" ဟု Unique Asia ခရီးသွား ကုမ္ပဏီ တာဝန်ခံ ဒါရိုက်တာ ဦးလင်းဇော်ဝေမန်း က ပြောသည်။

ထိုင်း နိုင်ငံသည် လာရောက်လည် ပတ်မည့် ခရီးသည်များအ တွက် ထိုင်း ဗီဇာကြေးကို ၂၀၀၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ ဇွန်လ ၄ ရက် နေ့ထိ ပထမဦးဆုံး အဖြစ် ကင်းလွတ်ခွင့် ပြုခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ယခုနှစ် မတ်လ ၄ ရက်နေ့ အထိ ကင်းလွတ်ခွင့် ပေးခဲ့သည်။

ထိုင်းဗီဇာကြေး ကင်းလွတ်ပေးထားသည့် ကာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်သော မြန်မာ နိုင်ငံသား ခရီးသည် အရေ အတွက်မှာ ၃၃ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ အထိ စာရင်း အရ ကင်းလွတ်ခွင့် ကာလ အတွင်း မြန်မာ ၅၂,၁၀၂ ဦး ကို ဗီဇာ ထုတ်ပေး ခဲ့ကြောင်း ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘန်ဆန်ဘန်နက်ဂ်က ဆိုသည်။


စတား
၂၃ . ၃ . ၂၀၁၀ l MMtimes

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats