Navigation - link to other main sections from here


ရင်ခွင်ပိုက် ကလေးငယ် များကို နိုင်ငံကူး လက်မှတ် သီးခြား ထုတ်ပေးမည်


ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့က ၂ဝ၁ဝ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ စက်ဖြင့် ဖတ်ရှု နိုင်သော နိုင်ငံကူး လက်မှတ် Machine Readble Passport များနှင့် ပြည်ဝင်ခွင့် ဗီဇာ များကို စတင် ထုတ်ဝေ မည်ဖြစ်ရာ ရင်ခွင်ပိုက် ကလေးငယ် များကို နိုင်ငံကူး လက်မှတ် သီးခြား ထုတ်ပေး သွားမည် ဖြစ်ကြောင်း စက်ဖြင့် ဖတ်ရှု နိုင်သော ခရီးသွား အထောက် အထားများ ဆိုင်ရာ စီမံကိန်း တွင် ပါဝင် ဆောင်ရွက် နေသူ တစ်ဦးက ပြောကြားသည်။

''အရင်တုန်းက မိဘတွေနဲ့ Passport ထဲမှာ တွဲပြီး ဓာတ်ပုံ ပေးလိုက်တာ။ လက်ခံတဲ့ နိုင်ငံ ရှိသလို လက်မခံ ချင်တဲ့ နိုင်ငံလည်း ရှိတယ်။ အခု ကျတော့ အသက် ၁၈ နှစ်အောက် အားလုံးကို သီးခြား ထုတ်ပေး မှာပါ'' ဟု ၄င်းက ရှင်းပြသည်။ နိုင်ငံကူး လက်မှတ် သစ်များအား စနစ် သစ်ဖြင့် ထုတ်ဝေရန် အတွက် ပြည်ပ နိုင်ငံ များရှိ မြန်မာ သံရုံး များတွင် နိုင်ငံကူး လက်မှတ်များ သက်တမ်း တိုးခြင်းကို ဧပြီလ ၁ ရက်မှ ၃ဝ ရက်နေ့ အထိ ရပ်ဆိုင်း ထားမည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် ထားသည်။

အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်း အဖွဲ့၏ ဆုံးဖြတ်ချက်အရ စက်ဖြင့်ဖတ်ရှုနိုင်သော နိုင်ငံကူးလက်မှတ်များ ကိုသာ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ သုံးစွဲခွင့် ပြုရန် နှင့် လက်ရေးဖြင့် ရေးသား ထားသော နိုင်ငံကူး လက်မှတ်များ အသုံး ပြုခြင်းကို ၂ဝ၁၅ ပြည့်နှစ်မှ စ၍ ရပ်ဆိုင်း တော့မည် ဖြစ်ရာ အဖွဲ့ဝင် ဖြစ်သော မြန်မာနိုင်ငံ အနေဖြင့် အမျိုးသား မြို့ပြ လေကြောင်း၊ လုံခြုံရေးေ က်ာမတီ ဖွဲ့စည်းပြီး စက်ဖြင့် ဖတ်ရှု နိုင်သော ခရီးသွား အထောက် အထားများ ဆိုင်ရာ စီမံကိန်း အတွက် စက် ပစ္စည်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တင်ဒါ ခေါ်ယူ ခဲ့သည်။

၂၃ . ၃ . ၂၀၁၀ l Eleven Media

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats