
တတိယအကြိမ် ခရီးစဉ်မှာ (၂၇၊ ၁၊ ၂ဝ၁ဝ)မှ (၃၁၊ ၁၊ ၂ဝ၁ဝ)နေ့အထိ ဖြစ်ပြီး ¤င်းခရီးစဉ်တွင် ရန်ကုန်တိုင်း အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ကြီးကြပ်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အလှူရှင်များမှ ကိုကိုးကျွန်းပေါ်ရှိ အိမ်ထောင်စု(၂၂၇)စုအတွက် ဘုရားဆင်းတုတော်မှ အစ၊ အဝတ်အထည်များ၊ ဆေးစိမ် ခြင်ထောင်၊ ပလတ်စတစ်ဖျာ၊ ဓာတ်ခဲ၊ ဘီး၊ ဖိနပ်အစရှိသည့်လူသုံးကုန်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဘုတ်ဆုံမငရုတ်သီးမှုန့် အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ၊ အစားအသောက်များ၊ တိုင်းရင်းဆေးများ စုစုပေါင်းတန်ဖိုး သိန်း(၁၂ဝ)ကျော်ခန့် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း၌ တည်ရှိပြီး အကျယ် အဝန်းအားဖြင့် (၁ဝ.၂ဝ)စတုရန်းမိုင်၊ (၆၅၃၅.၅ဝ)ဧက ကျယ်ဝန်းပြီး ရန်ကုန်မြို့မှရေမိုင် (၂၆ဝ)အကွာအဝေးတွင် တည်ရှိပါသည်။ ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာ ရုံး(၁၇) ရုံးရှိပြီး လူဦးရေ ကျား(၅၇၉)ဦး၊ မ(၄၃ဝ)ဦး စုစုပေါင်း (၁ဝဝ၉)ဦးနေထိုင်လျှက်ရှိသည်။ ကိုကိုးကျွန်းသည် မြန်မာ့ရေပိုင်နက်ထဲတွင် တည်ရှိသော သာယာလှပသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။
မယ်သုန်
၂၂ . ၃ . ၂၀၁၀ l Snapshot
|

0 comments:
Post a Comment