Navigation - link to other main sections from here


ကမ္ဘာလှည့်ခရီးသည် (၇ဝ) ကျော် ဗဟန်းမြို့နယ် ရပ်ကွက် များ အတွင်း ဆိုက်ကားများဖြင် လှည့်လည် လေ့လာ


(၂ဝ၁ဝ) မတ်လ (၁၅) ရက် နေ့က ရန်ကုန်၊ ဗဟန်းမြို့နယ် ဆရာစံတောင် / မြောက် ရပ်ကွက် အတွင်းသို့ အမေရိကန် နိုင်ငံသား အများစု ပါဝင်သော ကမ္ဘာလှည့် ခရီးသည် (၇ဝ) ကျော်သည် ဆိုက်ကား များဖြင့် ရပ်ကွက် အတွင်းသို့ တစ်လမ်းဝင် တစ်လမ်းထွက် ဝင်ရောက် လေ့လာ ခဲ့ကြောင်း သိရှိရသည်။''ကျွန်တော် ကတော့ အမျိုးသမီးကြီး တစ်ယောက်ကို တင်ပြီး အာဇာနည်လမ်း ထိပ်က စထွက် ခဲ့တယ်။ တစ်လမ်းဝင် တစ်လမ်းထွက် သွားပြီး ဈေးနား ရောက်တော့ ကျွန်တော် တို့ကို စကားပြန်လို့ ထင်ရတဲ့လူ တစ်ယောက်က ရပ် ခိုင်းတယ်။ ကမ္ဘာလှည့် နိုင်ငံခြားသူ အမျိုးသမီးကြီးက သူ့အိတ်ထဲကနေ တစ်ကျပ်တန် ဒေါ်လာ (၃) ရွက် ကျွန်တော့်ကို ပေးတယ်။ ဆိုက်ကား နဲ့ လှည့်လည်တဲ့အ တွက် (၁၅ဝဝ) ကျပ်ထပ် ပေးတယ်'' ဟု အာဇာနည်လမ်းထိပ် မှ ဆိုက်ကား ဆရာ တစ်ယောက်က ပြောဆိုသည်။ ၄င်းက ဆက်လက်၍ ''ကျွန်တော် တစ်ယောက်တည်း (၁၅ဝဝ) ကျပ် ရတာ မဟုတ်ပါဘူး။ လိုက်ပို့တဲ့ ဆိုက်ကား တိုင်းကို သူတို့က တစ်စီးကို (၁၅ဝဝ) ကျပ်ပေး တာပါ။ ဒေါ်လာ တွေကလည်း လူတိုင်းကို မပေးပါဘူး။ မရတဲ့ သူတွေက အများစုပါ'' ဟု ပြောဆိုသည်။ အမေရိကန် နိုင်ငံသား အများစု ပါဝင်သော ကမ္ဘာလှည့် ခရီးသည် (၇ဝ) ကျော်သည် (၂ဝ၁ဝ) မတ်လ (၁၃) ရက်နေ့က ရန်ကုန်မြို့သို့ M.V Spirit of Oce အပျော်စီး သင်္ဘောဖြင့် ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိ လာခဲ့ သည်ဟု သိရှိ ရသည်။


မင်းအောင်အောင်
၂၂ . ၃ . ၂၀၁၀ l Snapshot

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats