မြန်မာ နိုင်ငံတွင် ယခုနှစ် အတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းများ ကြီးကြပ် ဆောင်ရွက် နိုင်ရေး နှင့် နိုင်ငံရေး ပါတီ များကိုကြီးကြပ်ရေး အတွက် ကော်မရှင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမည် စာရင်းကို နိုင်ငံပိုင် မြန်မာ့အသံ နှင့် ရုပ်မြင် သံကြားက ယနေ့ ညနေ ၄ နာရီတွင် ထုတ်လွှင့် ကြေညာ သွားသည်ကို တွေ့ရသည်။
အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမည်စာရင်း မကြေညာမီ နှစ်ရက်ခန့်အလိုက ထုတ်ပြန်သော ကော်မရှင် ဥပဒေတွင် အသက် ၅ဝ နှစ် ပြည့်ပြီးထင်ပေါ် ကျော်ကြားသည့် ဂုဏ် သတင်းရှိသော ပုဂ္ဂိုလ်၊ သိက္ခာ သမာဓိ နှင့် ပြည့်စုံ၍ နိုင်ငံရေး ပါတီဝင် မဟုတ်သူ စသည့် ဂုဏ်ပုဒ် များနှင့် ပြည့်စုံသူဟု ယူဆ သူများကိုနိုင်ငံတော်ေ အးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ခန့်အပ် မည်ဟု လည်း တရားဝင် ဖော်ပြ ပါရှိသည်။
နောက်ဆုံး ရရှိသော သတင်းများအရ ကော်မရှင် ဥက္ကဋ္ဌမှာ ဦးသိန်းစိုးဟု သိရှိရပြီး အဖွဲ့ဝင်များ အဖြစ် ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစောဘလှိုင်၊ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်ပြည့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဒေါ်ခင်လှမြင့်၊ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ အပါအဝင်အဖွဲ့ဝင် ၁၇ ဦးကိုတာဝန် ပေးအပ်ခြင်း ခံရကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန် နှင့် လုပ်ပိုင်ခွင့် များမှာ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ ကြီးကြပ် စေခြင်း၊ ကော်မရှင် အဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်း၊ ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်း၊ ရွေးကောက်ပွဲ၌ အဖွဲ့ များ၏ ဆုံးဖြတ်ချက်များ၊ အမိန့် များနှင့် စပ်လျဉ်းသည့် အယူခံ မှုများနှင့် ပြင်ဆင် မှုများ ပါဝင်သည့် ကော်မရှင် ဥပဒေအခန်း (၃) တာဝန် များကို ထမ်းဆောင် ရဖွယ် ရှိမည် ဖြစ်သည်။ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ယခု ရွေးချယ် ခန့်အပ် လိုက်သော ကော်မရှင် အဖွဲ့ဝင် များတွင် ပြည်နယ် နှင့် တိုင်း ဒေသ များမှ ဥပဒေ ပညာရှင် အများစု ပါဝင် နေသည် ဟုလည်း မြန်မာ နိုင်ငံရေး အကဲခတ် လေ့လာသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

၁၁ . ၃ . ၂၀၁၀ | The Voice
|

0 comments:
Post a Comment