Navigation - link to other main sections from here


ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ အသက် ၂၅ ပြည့်သူတိုင်း လွှတ်တော် အမတ် အဖြစ် ဝင်ရောက် အရွေး ခံနိုင် ဟုဆို


ဥပဒေတွင် လွှတ်တော် အမတ် အဖြစ် ယှဉ်ပြိုင် အရွေးချယ် ခံမည့် သူသည် အသက်၂၅ နှစ် ပြည့်ပြီး မြန်မာနိုင်ငံတွင် အနည်းဆုံး ၁ဝ နှစ်ကြာ အခြေချ နေထိုင် ခဲ့သူ ဖြစ်ရန် လိုသည်ဟု ဥပဒေတွင် ဖော်ပြသည်။ ထောင်ဒဏ် ကျခံနေရ သူများ၊ စိတ်ပေါ့သွပ် သူများ၊ လူမွဲ အဖြစ် တရားရုံးက ကြေညာထား သူများ၊ နိုင်ငံ့ ဝန်ထမ်း ဖြစ်ခြင်း၊ သာသနာ့ ဝန်ထမ်း ဖြစ်ခြင်း အပါအဝင် ဥပဒေ စည်းကမ်းချက် ၂၄ခုနှင့် မကိုက်ညီ သူများ လာမည့် ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုနိုင်ကြောင်း ဥပဒေတွင် တရားဝင်ပြဆိုထားသည်။

''လွှတ်တော် အမတ် တစ်ဦး အတွက် မှတ်ပုံတင်ကြေး ဘယ်လောက် ပမာဏ တင်ရမလဲ ဆိုတာတော့ မသိရ သေးဘူး။ နိုင်ငံရေး ပါတီသစ်တွေ အနေနဲ့ ရန်ပုံငွေ အလုံ အလောက်ရှိ ထားဖို့ အရေးကြီးတယ်''ဟု ပြည်တွင်း နိုင်ငံရေး သမား တစ်ဦးက ပြောကြားသည်။

မြန်မာ အစိုးရက မတ်လ ၈ ရက်နေ့တွင် ၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို တစ်နေ့တည်း ထုတ်ပြန် ခဲ့ပြီး နိုင်ငံပိုင် သတင်းစာ များတွင် ဥပဒေများကို မတ်လ ၉ ရက်နေ့မှ စပြီး ဆက်တိုက် ရေးသား ဖော်ပြလျက် ရှိသည့် အပြင် စာအုပ် အဖြစ်လည်း ထုတ်ဝေ မည် ဖြစ်ကြောင်း အစိုးရ၏ တရားဝင် ထုတ်ပြန် ချက်များ အရ သိရှိရသည်။

၁၁ . ၃ . ၂၀၁၀ | The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats