.jpg)
ဖွံ့ဖြိုးဆဲနိုင်ငံ ၁၁ နိုင်ငံမှ အချက်အလက်များကို အသုံးပြုခန့် မှန်းပြီး စားပွဲတင် ကွန်ပျူတာ၊ လက်ပ် တော့ ကွန်ပျူတာ၊ ပရင်တာ၊ မိုဘိုင်း ဖုန်း၊ ပေ့ဂျာ၊ ဒစ်ဂျစ်တယ် ဓာတ်ပုံနှင့် ဂီတ စက်ပစ္စည်းများ၊ ရေခဲသေတ္တာများ၊ အရုပ်များ၊ ရုပ်မြင်သံကြားစက် များ ဟောင်းနွမ်း အသုံး မ၀င်တော့ ချိန်တွင် ဖြစ်လာမည့် e-waste များကို ခန့်မှန်း တွက်ချက် ပြထားခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် တောင်အာ ဖရိကနှင့် တရုတ်တို့တွင် ကွန်ပျူတာ အဟောင်းများမှ ထွက်သော e-waste များမှာ ၂၀၀ ရာခိုင်နှုန်းမှ ၄၀၀ ရာခိုင် နှုန်းအထိ တက်လာနိုင်ပြီး အိန္ဒိယ တွင် ၅၀၀ ရာခိုင်နှုန်း အထိ တက်လာ နိုင်ကြောင်း စစ်တမ်းက သုံးသပ် ထားသည်။
တရုတ်သည် လက်ရှိ အချိန် တွင်ပင် လျပ်စစ် စွန့်ပစ်ပစ္စည်း e-waste တန် ၂ ဒသမ ၃ သန်း ထွက် ရှိနေပြီး အမေရိကန် ပြည်ထောင်စု ပြီးလျင် အများဆုံး ဖြစ်သည်။ ကမ္ဘာ တစ်ဝန်း တစ်နှစ်လျင် e-waste တန်သန်း ၄၀ မျ ထွက်ရှိနေ သည်။ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ များ ထုတ်လုပ်မှု အတွက် ကမ္ဘာတစ် ၀န်းရှိ ရွှေနှင့် ငွေတွင်းများ ထွက်ရှိမှု၏ သုံးရာခိုင်နှုန်းမျ သုံးစွဲ နေရပြီး ပါလာဒီယမ်သတ္တု ၁၃ ရာခိုင်နှုန်း၊ ကိုဘော့သတ္တု ၁၅ ရာခိုင်နှုန်း မျသုံး စွဲနေ ရသည်။
၂၆ . ၂ . ၂၀၁၀ l Eleven Media
|

0 comments:
Post a Comment