ဖေဖော်ဝါရီ ၁၃၊ စနေ - အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် သမားများသည် အနောက် နိုင်ငံ များနှင့် မွတ်ဆလင် နိုင်ငံ များ၏ ဆက်ဆံရေး မပြေလည်မှုကို အမြတ် ထုတ်လျက် ရှိကြောင်း၊ ထို့ကြောင့် အမေရိက အနေနှင့် မွတ်ဆလင် နိုင်ငံ၅ဝ ကျော် ပါဝင် ဖွဲ့စည်း ထားသော Organisation of the Islamic Conference အဖွဲ့ ကိုယ်စားလှယ် အဖြစ် သမ္မတ အိမ်ဖြူတော် တာဝန် ရှိသူ တစ်ဦး ဖြစ်သူ ရာဆတ်ဟူစိန် ကို အမည် စာရင်း တင်သွင်း ထားသည်။
- ဇွန်လ သမ္မတ ရွေးကောက်ပွဲ အပြီး ဆန္ဒပြ မှုများ၊ လွန်ခဲ့သော လပိုင်းက ဖြစ်ပွား ခဲ့သော ဆန္ဒပြ မှုများကို ကောင်းမွန်စွာ ထိန်းချုပ် နိုင်ခဲ့ ပြီးနောက် ယခု အခါ အီရန် အတိုက် အခံ ခေါင်းဆောင် များ၏ အင်တာနက် ဝက်ဘ်ဆိုက် များကို စစ်ဆင်နွှဲ တိုက်ခိုက်မည် (Cyberwar) ဖြစ်ကြောင်း အီရန် ဘာသာရေး ခေါင်းဆောင် များက ပြောကြား သည်။
- အရှေ့ အလယ်ပိုင်း ဒေသ များသို့ အလည် အပတ် ခရီး သွားရောက်လျက် ရှိသော အမေရိကန် ကာကွယ်ရေး ဦးစီးချုပ် မိုက်မူလန် သည် အီဂျစ် သမ္မတ မူရှာရတ်နှင့် တွေ့ဆုံ၍ အီရန်၏ နျူကလီးယား အစီအစဉ် နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သည်။
ဖေဖော်ဝါရီ ၁၄၊ တနင်္ဂနွေ - အမေရိက အနေဖြင့် ယခု အချိန်တွင် အီရန် နှင့် ငြိမ်းချမ်းစွာ စေ့စပ် ညှိနှိုင်းရန် လက်ကမ်း ကြိုဆို ထားသော်လည်း အီရန် အနေဖြင့် နျူကလီးယား လက်နက် ထုတ်လုပ်ရန် ကြိုးပမ်း ခဲ့ပါက လက်ခံမည် မဟုတ်ကြောင်း ကာတာတွင် ပြုလုပ်သော အမေရိက နှင့် အစ္စလာမ် နိုင်ငံများ ဆွေးနွေးပွဲ ဖိုရမ်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသည်။
ဖေဖော်ဝါရီ ၁၅၊ တနင်္လာ - အမေရိကန် သမ္မတ အိုဘားမား၏ ကျူးဘားရှိ ဂွမ်တာနာမို အကျဉ်း စခန်းကို ပိတ်ပစ်ရန် ကြိုးပမ်းချက် အပါအဝင် ယင်း အကျဉ်း စခန်းရှိ အကျဉ်းသား အချို့ကို တရားရုံးတင် စစ်ဆေးရန် ကြိုးပမ်း နေမှုများ နှင့် ပတ်သက်၍ အိုဘားမား ၏ အကြမ်းဖက် သမား များကို ရာဇဝတ် သားကဲ့သို့ ရှုမြင်၍ ကိုင်တွယ် ဖြေရှင်း နေပုံမှာ မှားယွင်းကြောင်း အမေရိကန် ဒုတိယ သမ္မတဟောင်း ဒစ်ချေနီက ဝေဖန် ပြောကြား သွားသည်။
- အကြွေး နွံနစ်လျက် ရှိသော UAE နိုင်ငံမှ Dubai World ကုမ္ပဏီက ၄င်းပေးရန် ရှိသော အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံ ပမာဏ ၏ ၆ဝ ရာခိုင်နှုန်းကို ငွေသားဖြင့် ပြန်လည် ပေးဆပ် မည်ဟု ကမ်းလှမ်း လိုက်သည်။
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်သည် ပင်လယ်ကွေ့ ဒေသသို့ အလည် အပတ် ရောက်ရှိလျက် ရှိပြီး နျူလက်နက် ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိ သော အီရန် အပေါ် ပိုမို ပြင်းထန်သော အရေးယူပိတ်ဆို့ မှုများ ချမှတ် ရာတွင် ပင်လယ်ကွေ့ ဒေသ မွတ်ဆလင် နိုင်ငံများ အနေဖြင့် ထောက်ခံကြရန် တိုက်တွန်းလျက် ရှိသည်။
- ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ဂယက်များ ရင်ဆိုင် ခဲ့ရသော စင်ကာပူ နိုင်ငံသည် အခြား နိုင်ငံများ နှင့် နှိုင်းယှဉ် ပါက ကုန်ထုတ် စွမ်းအား မြင့်တက် လာကြောင်း၊ ယခုနှစ်တွင် စင်ကာပူ ကုန်ထုတ် စွမ်းအား သည် ၇ဝ ရာခိုင်နှုန်း ခန့် တိုးမြှင့် လာနိုင်ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက တရုတ် နှစ်သစ် ကူးတွင် ပြောကြား သည်။
ဖေဖော်ဝါရီ ၁၇၊ ဗုဒ္ဓဟူး - အကြမ်းဖက် သမားများ ခိုအောင်းလျက် ရှိသော ယီမင် နိုင်ငံရှိ အယ်လ်ကေဒါ အကြမ်းဖက် သမားများက ဗုံးရှာကိ ရိယာများဖြင့် စမ်းသပ်၍ မရနိုင်သော ပေါက်ကွဲမှု ပြင်းထန်သည့် ဗုံးများကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့သည်။
- လွန်ခဲ့သော သီတင်းပတ် အတွင်း က ဟားမတ် ခေါင်းဆောင် တစ်ဦးကို ဒူဘိုင်းတွင် အဆိပ်ခတ် လုပ်ကြံခဲ့ရာ ၄င်းကို လုပ်ကြံ သတ်ဖြတ်သည့်အဖွဲ့သ ည် ဗြိတိန် နိုင်ငံသား ငါးဦးနှင့် အခြား ဥရောပ နိုင်ငံသား များ၏ ပတ်စ်ပို့များကို ခိုးယူ၍ ပတ်စ်ပို့ အတုများ အသုံးပြု ခဲ့သည်။
- အမေရိကန် နှင့် အာဖဂန် စစ်တပ်များ ပူးပေါင်း၍ အာဖဂန်နစ္စတန်ရှိ တာလီဘန် အကြမ်းဖက် သမားများ ကို ထိုးစစ် ဆင်နွှဲလျက် ရှိရာ တာလီဘန် အကြမ်းဖက် သမားများက အရပ်သားများကို ဒိုင်းများ သဖွယ် အကာ အကွယ်ယူ၍ ခုခံ တိုက်ခိုက်လျက် ရှိသည်။
- ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အထိမ်းအမှတ် အဖြစ် လူထု ချီတက် ပွဲတွင် ဂျပန် သတင်းထောက် တစ်ဦး အပါအဝင် နိုင်ငံခြားသား ငါးဦးကို ဖမ်းဆီး ခဲ့သည်။
၂၂ . ၂ . ၂၀၁၀ l TV

|

0 comments:
Post a Comment