Navigation - link to other main sections from here


အရပ်ဘက် အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းနိုင်ရေး ပထမ ခြေလှမ်း အဖြစ် အရပ်ဘက် နှင့် စစ်ဘက် ခေါင်းဆောင်များ ပါဝင်သည့် အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်း


အရပ်ဘက် အုပ်ချုပ်ရေးသို့ အသွင် ကူးပြောင်းနိုင်ေ ရး ပထမ ခြေလှမ်း အဖြစ် ဂီနီတွင် အရပ်ဘက် နှင့် စစ်ဘက် ခေါင်းဆောင်များ ပါဝင်သည့် ကြားဖြတ် အစိုးရ တစ်ရပ်ကို ဖွဲ့စည်း လိုက်ကြောင်း အစိုးရ ကြေညာချက် တစ်စောင်က ဖော်ပြသည်။ ဂီနီ ဗိုလ်ချုပ်မှူး (general in charge) ဆီကို ဘာကို နာတီ က ပြီးခဲ့သည့် လက ခန့်အပ် ခဲ့သည့် ကြားဖြတ် ၀န်ကြီးချုပ် ယန်းမာရီဒိုက အစိုးရအ ဖွဲ့ဝင် ၃၄ ဦး ကို ရွေးချယ် ခန့်အပ် ခဲ့သည်။ အသစ် ဖွဲ့စည်း လိုက်သည့် အိမ်စောင့်အစိုးရတွင် အရပ်ဘက် နှင့် စစ်ဘက် ခေါင်းဆောင်များ ပါဝင် လာခဲ့သည်။ မာရီဒိုက လာမည့် ခြောက်လ အတွင်း ရွေးကောက် ပွဲများ ကျင်းပ ပေးမည်ဟု ကတိပြုထားပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့သော အာဏာသိမ်းမှု အပြီး မငြိမ်သက် မှုများကို အဆုံးသတ် စေမည်ဟု ကတိ ပြုထားသည်။

အသွင် ကူးပြောင်းရေး အစိုးရတွင် လက်ရှိစစ် အစိုးရမှ ၁၀ ဦး ပါရှိ လာခဲ့ပြီး ယင်းတို့အနက်မှ ခြောက်ဦးမှာ စစ်ဘက် အရာရှိများ ဖြစ်သည်။ အဓိကအားဖြင့် စစ်ဘက်မှ ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မာမာ ဒိုဘာ တိုတို ကာမာရာ မှာ လုံခြုံရေး နှင့် အရပ်ဘက် ကာကွယ်ရေး ၀န်ကြီး အဖြစ် ဆက်ရှိမည် ဖြစ်သည်။

ဆယ်စုနှစ်ပေါင်း များစွာ စစ်ဘက် အုပ်ချုပ်မှု အောက်တွင် နေခဲ့ရသော ဂီနီ အတွက် ယခု သဘောတူညီချက် မှသည် ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်သည့် အစိုးရသစ်ေ ပ်ါထွက် လာရန် မျှော်လင့် ထားကြသည်။

စစ်ဘက်အုပ်ချုပ်မှု အဆုံးသတ် ပေးမည် ဆိုသော သဘောတူညီချက် နှင့် အတူ ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ဗိုလ်ချုပ် ကိုနာတီသည် အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးဖြစ်သည့် မာရီဒိုကို ၀န်ကြီးချုပ် အဖြစ် ခန့်အပ် ခဲ့သည်။

မာရီဒိုက စစ်ဘက် ပြုပြင် ပြောင်းလဲရေး လုပ်သွားမည်ဟု ကတိပြုခဲ့ သလို ကမ္ဘာ့အ ကြီးဆုံး အလူမီနီယမ်ထွက် သတ္တု တင်ပို့သည့်နိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန် ထူရန် ကြိုးပမ်း သွားမည်ဟု ကြွေးကြော် ခဲ့သည်။ လွန်ခဲ့သော ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွား ခဲ့သည့် ဂီနီ အာဏာ သိမ်းမှုကို ဦးဆောင် ခဲ့သော ဗိုလ်ကြီး မိုဆာဒီဒီစ်ကာမာရာ မှာလည်း ဘာကီနာဖာဆို နိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ပြီးခဲ့သည့်နှစ်က လုပ်ကြံ ခံရမှုတွင် အသက်ဘေးမှ လွတ်မြောက် ခဲ့သော်လည်း ယခုကဲ့သို့ ဆေးကုသမှု ခံယူ နေရခြင်း ဖြစ်သည်။

Ref;BBC


၂၀ . ၂ . ၂၀၁၀ l Eleven Media

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats