Navigation - link to other main sections from here


ငလျင်ဒဏ် ခံခဲ့ရသည့် ဟေတီ နိုင်ငံတွင် မိုးသည်း ထန်စွာ ရွာသွန်း


ဇန်န၀ါရီလ အတွင်း ဖြစ်ပွားခဲ့သ ည့် အင်အားပြင်း ငလျင်ကြောင့် လူပေါင်း နှစ်သိန်းကျော် သေဆုံး ခဲ့ရသည့် ဟေတီ နိုင်ငံတွင် မိုးများ သည်းထန်စွာ ရွာသွန်း ခဲ့ကြောင်း သိရသည်။ နိုင်ငံတကာမှ အကူ အညီ အများ အပြား ရရှိ ထားသော်လည်း အမိုးအကာများလုံေ လာက်မှု မရှိသောကြောင့် လူများမှာ လမ်းများ ပေါ်တွင် နေကြရကြောင်း သိရသည်။ ဟေတီနိုင်ငံ၏ မိုးဥတုသည် ဧပြီလတွင် ကျရောက် မည် ဖြစ်သောကြောင့် ရေညစ် ညမ်းမှုမှ ဖြစ်ပေါ်သည့် ရောဂါများ ပျံ့နှံ့မည်ကို စိုးရိမ်လျက် ရှိကြသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရွက်ဖျင်တဲများမှာ ပျက်စီး သွားပြီး လူများမှာ မိုးရေများ ထဲတွင် စွတ်စို လျက်ရှိသည်။ ရောဂါ ကူးစက်မှု၊ ရေကြီးမှုတို့ ဖြစ်ပွားမည်ကို စိုးရိမ် လျက်ရှိကြပြီး မြို့တွင်း၌ ပျံ့ကြဲနေ သည့် အညစ် အကြေးများ နှင့် အမှိုက် များသည် မြေနိမ့် ပိုင်းများသို့ စီးဝင် လျက်ရှိ သောကြောင့် ရေပေးဝေမှု စနစ်တွင် ညစ်ညမ်း မှုများ၊ ရေလမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်ပွား နိုင်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်များ ကြောင့် ဟေတီ ပြည်သူ တို့သည်သက် ဆိုင်သူတို့ အပေါ် မကျေနပ်ချက်များ ဆပွား တိုးတက် လာခဲ့သည်။


၂၀ . ၂ . ၂၀၁၀ l Eleven Media

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats