.jpg)
နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဆွေးနွေး ပွဲများသို့ ပြန်လည် ပါဝင် နိုင်ရန် အတွက် ဆင်းရဲ မွဲတေနေ သော မြောက်ကိုရီးယားကို စီးပွားရေး ပြန်လည် ရှင်သန် လာနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တရုတ်က မြောက် ကိုရီးယားတွင် ဒေါ်လာအမြောက် အမြား ရင်းနှီး မြှုပ်နှံရန် စီစဉ်နေ ကြောင်းတောင် ကိုရီးယား ယွန်ဟပ် သတင်း အေဂျင်စီက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်က ပေကျင်း အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို နျူကလီးယား ကင်းမဲ့သော ကိုရီးယား ကျွန်းဆွယ် ဖြစ်ပေါ် လာစေ ရမည်ဟု ကတိပေးခဲ့ ပြီးနောက်တစ်ပတ်အကြာတွင် ယခု သတင်း ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
တရုတ် နိုင်ငံပိုင် ဘဏ်များ နှင့် နိုင်ငံခြား ကုမ္ပဏီ ကြီးများက မြောက် ကိုရီးယားတွင် ရထားလမ်းများ၊ ဆိပ်ကမ်း များနှင့် အိမ်များဆောက် လုပ်ရန်အတွက် ဒေါ်လာ ၁၀ ဘီလျံ ခန့် ရင်းနှီး မြှုပ်နှံ သွားရန် သဘောတူ ညီချက် ရတော့မည် ဖြစ်ကြောင်း ပြုံယန်းရှိ တေပန် အပြည်ပြည်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု အုပ်စုကို ကိုးကား၍ ယွန်ဟပ်က ဖော်ပြ ခဲ့သည်။ မြောက် ကိုရီးယား နိုင်ငံသည် စားနပ်ရိက္ခာ ပြတ်လပ် မှုနှင့် စီးပွားရေး ကျပ်တည်း နေမှု တို့အတွက် ဖြေရှင်းရန် ယခု ရင်းနှီး မြှုပ်နှံမှု များက ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း သတင်းေ အဂျင်စီ က ပြောကြား ခဲ့သည်။
၁၉ . ၂ . ၂၀၁၀ l EM
Hits: |
|
Action: |
| |
0 comments:
Post a Comment