Navigation - link to other main sections from here


မြန်မာရွှေ့ပြောင်း လုပ်သား ထိုင်းမှာမှတ်ပုံတင်ဖို့ သက်တမ်း တစ်လတိုး


ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေ အလုပ် လုပ်ခွင့်၊ သက်တမ်း တိုးခွင့် မှတ်ပုံတင် ရက်ကို တစ်လ ထပ်မံ သက်တမ်းတိုး ပေးလိုက်တယ်လို့ သိရပါတယ်။ဖေဖော် ၀ါရီ ၂၈ရက်နေ့ နောက်ဆုံး မှတ်ပုံတင်ဖို့ သတ်မှတ် ထားရာက မတ်လ ၃၁ ရက်နေ့ အထိတိုး လိုက်တာပါ။ ယခုနှစ် ဇန်န၀ါရီလ အတွင်း ထိုင်း အစိုးရရဲ့ ခန့်မှန်းချက် အရ ၁.၃ သန်း ၀န်းကျင်ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား တွေဟာ နိုငံသား စိစစ်မှု လုပ်ဖို့ ကိုယ်ရေး အချက် အလက်တွေကို မတ်လ ၃၁ရက်နေ့ နောက်ဆုံးထား တင်သွင်း ရပါမယ်။ ဒါမှ အလုပ် လုပ်ခွင့် သက်တမ်း နှစ်နှစ် တိုးခွင့် ရမှာ ဖြစ်ပါတယ်။

၂၀၁၀၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ် တဲ့ ထိုင်းအစိုးရ ၀န်ကြီးများ အစည်းအဝေးက နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား တွေ ရဲ့ ဆောင်ရွက်ဆဲ ဖြစ်တဲ့ နိုင်ငံသား စိစစ်မှု လုပ်ငန်း တွေကို ဆက်လုပ်ဖို့ ၂၀၁၂ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၂၈ရက် နေ့ အထိ နှစ်နှစ် သက်တမ်း တိုးခွင့် ဆုံးဖြတ်ကြောင်း သိရတယ်။ သည် လို ခွင့်ပြုပြီးနောက် မှာ အလုပ်ရှင် ပြောင်းလဲခွင့် မပြုတာတွေနဲ့ ဖေဖော်ဝါရီလကုန် ပိုင်းမှာ ထိုင်း အစိုးရက နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အများစုကို သက်ဆိုင်ရာ နိုင်ငံတွေကို ပြည်နှင်မယ်၊ ဖမ်းဆီးမယ် ဆိုတဲ့ ညွှန်ကြားချက် ထွက်ပေါ် လာတဲ့နောက် လူမှုရေး အဖွဲ့ အစည်းတွေက ထိုင်းဝန်ကြီးချုပ်ကို စာရေးသား ပေးပို့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် လူမှု အဖွဲ့ အစည်းတွေက ကန့်ကွက်စာနဲ့ အချက် ခုနစ်ချက် ပါတဲ့ အကြံပြုချက် တွေ ရေးသားပြီး ပေးပို့ ကြတာပါ။ သူတို့ အကြံပြု တင်ပြတဲ့ အချက် ခုနစ်ချက် ကတော့ နိုင်ငံကူး လက်မှတ် လျှောက်လွှာ တင်ရက်ကို သက်တမ်း တိုးပေးဖို့၊ အေးဂျင့် တွေနဲ့ ဆောင်ရွက် နေရမှုကို စနစ်တကျ စည်းမျဉ်း စည်းကမ်း ချမှတ် ပေးဖို့၊ သည် လုပ်ငန်းစဉ် ကျယ်ကျယ် ပြန့်ပြန့် သိရှိရေး ဆောင်ရွက် ပေးဖို့၊ အလုပ်သမားကတ်(ဘတ်ကတ်) မရှိ သူတွေကိုလည်း သည်လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ရေး အစီအမံ ချမှတ်ေ ဆာင်ရွက် ပေးဖို့၊ အလုပ်ရှင် တွေရဲ့ ခေါင်းပုံ ဖြတ်မှုတွေကို ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက် ပေးဖို့၊ နိုင်ငံသား စိစစ်မှု မလုပ် လိုတဲ့ သူတွေကို သင့်တော်တဲ့ စီစဉ်မှု တွေနဲ့ ဆောင်ရွက် ပေးဖို့ စတဲ့ အချက်များ ပါဝင်ကြောင်း ၂၀၁၀ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြ ထားပါသည်။


၁၂ . ၃ . ၂၀၁၀ l MT

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats