Navigation - link to other main sections from here


မြန်မာ အလုပ် သမားများ တင်ဆောင် လာသည့် ကား တိမ်း မှောက်


မြန်မာ အလုပ် သမားများ နှင့် ပန်းရံ လုပ်ငန်း ခွင်များတွင် အသုံးပြုသည့် သံနန်း ချောင်းများ တင်ဆောင် လာသည့် ကား တိမ်းမှောက်၍ မြန်မာ အလုပ် သမား အချို့ ဒဏ်ရာ ပြင်းထန် သဖြင့် ချင်းမိုင် ဆေးရုံတွင် အတွင်း လူနာ အဖြစ် ဆေးဝါး ကုသမှု ခံနေရကြောင်း သိရှိ ရသည်။ မတ်လ ၉ ရက်နေ့ နေ့လည် ပိုင်းက ချင်းမိုင်မြို့နယ် ခေါင်တန် နှင့် မဲအိုင် အဝေးပြေး လမ်းမကြီး နယ်မြေ အမှတ် ၃ ချင်းမိုင်မြို့နယ် စံကန်ဖေမြို့ ၀ခိုင်းရွာ အနီးတွင် ( အီစူဇူး ၈၂/၅၂၄၁ ) ကားအရှိန် မြှင့်တင် မောင်းနှင်သဖြင့် ကားလမ်းမပေါ်တွင် ဘေးတိုက် အနေအထား တိမ်းမှောက် သွားခဲ့သည်။ ကားတိမ်းမှောက် မှုကြောင့် မြန်မာ အလုပ်သမား ၁၅ ဦး ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့ပြီး ၅ ဦးမှာ ဒဏ်ရာ ပြင်းထန်း သဖြင့် ချင်းမိုင် ဆေးရုံတွင် အတွင်း လူနာ အဖြစ် တင်ထား ရသည်။

ချင်းမိုင်မြို့  နပ်ခေါဖိန် ဆေးရုံတွင် ၂ ဦး နှင့် မဟာလနပ်ခေါ ဆေးရုံတွင် ၃ ဦးတို့အား အတွင်း လူနာ အဖြစ် ဆေးဝါး ကုသမှု ခံယူ နေရသည်။ ဒဏ်ရာ အနည်းငယ် ရရှိကြသော မြန်မာ အလုပ်သမား ၁၅ ဦးကိုမူ စံကန်ဖေဆေးရုံတွင် ကူသမှု ခံယူ နေကြောင်း ထိုင်းနိုင်ငံထုတ် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

အမှုစစ် ရဲအရာရှိ မူဆီကာရှိန် က ကားအရှိန် ပြင်လို့ မှောက်တာလား အခြား အကြောင်း တွေကြောင့် လားဆိုတာ သေသေ ချာချာ စစ်ဆေးပြီး အရေးယူ သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်း စာတွင် ဖေါ်ပြ ထားသည်။ ထိခိုက် ဒဏ်ရာ ရသည့် လူများမှာ မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး အမျိုးသမီး အမျိုးသား ခွဲခြားရေးသား ထားခြင်း မရှိပါ။ ၂၀၀၉ အကုန် ပိုင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့ တွင် ပန်းရံ လုပ်ငန်းခွင်သို့ သွားသည့် ကား တစ်စီး တိမ်းမှောက် ခဲ့သဖြင့် မြန်မာ အလုပ်သမား အချို့ ဒဏ်ရာ ရရှိ ခဲ့ဖူးသည်။

၁၁ . ၃ . ၂၀၁၀ l ကိုကျော်သောင်း(ဘန်ကောက်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats