Navigation - link to other main sections from here


ဇနီးသည် ထိုင်းအမျိုးသမီးက ခင်ပွန်းသည်မြန်မာ အမျိုးသား အား ဓါးဖြင့် ထိုးသတ်


နေထိုင် အလုပ် လုပ်ကိုင်ခွင့် ဘတ် နှင့် ယာယီ ပတ်စပို့ လုပ်ရန် ငွေ ရှိ/မရှိ အချင်းများ ကြရာမှ လင်မယား ရန်ဖြစ်ပြီး ထိုင်း အမျိုးသမီး ဇနီးဖြစ်သူက ဓါးဖြင့် ထိုးသတ် လိုက်သဖြင့် ခင်ပွန်းဖြစ်သူ မြန်မာ အလုပ်သမား သေဆုံး သွားခဲ့သည်။ ဘန်ကောက်မြို့ အနီး စမူပါကန်မြို့ ၊ စံမလုံ မြောက်ပိုင်း ၊ ဖါးပတန် အရပ် အမှတ် ၄၆ တွင် ရှိသော ကုကျလေ သတ္တု ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ တန်းလျှားတွင် နေထိုင် အလုပ် လုပ်ကိုင်သည့် အသက် ၅၆ နှစ်အရွယ် မြန်မာ အလုပ်သမား ဦးစိုးသောင်း နှင့် ထိုင်းအမျိုးသမီး ဇနီးဖြစ်သူ အသက် ၅၂နှစ်အရွယ် နန်းစုရင် တို့ ဇနီးမောင်နှံ ၂ဦး တို့ ယမန်နေ့က အလုပ်နား သဖြင့်နံနက် ၁၀ နာရီခန့် က စတင်ပြီး အရက်သောက် နေခဲ့ ကြသည်။ နေ့လည် ၁၂ နာရီခန့် တွင် ခင်ပွန်းဖြစ်သူ မြန်မာ အလုပ် သမားက နေထိုင် အလုပ်လုပ် ကိုင်ခွင့် ဘတ် နှင့် ယာယီ ပတ်စပို့ လုပ်ကိုင်ရန် ငွေမရှိကြောင်း ပြောဆို ကြရာမှ လင်မယား နှစ်ဦးတို့ စကားများ ရန်ဖြစ် ခဲ့ကြသည်။

မျက်မြင် အလုပ်သမား တစ်ဦးက “ခင်ပွန်းဖြစ်သူက ဘတ်လုပ်ဖို့၊ ပတ်စ ပို့လုပ်ဖို့ငွေရှိ/မရှိ မေးတယ်၊ ဇနီး လုပ်တဲ့ သူက ငွေမရှိဘူး၊ နင့်ဟာနင် လုပ်ချင်လုပ် မလုပ်ချင် နေလို့ ပြောတယ်၊ အဲဒီလို ပြောတော့ လင်က ဇနီး မျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ ဇနီးဖြစ်သူကလည်း မခံချင် ဖြစ်လာတော့ အနားမှာ ရှိတဲ့ ဓါးနဲ့ လည်ပင်းကို ထိုးချ လိုက်တယ်”ဟု ရဲအရာရှိကို ပြောသည်။

ရှေ့ ဦးစွာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးအား လက်သီးဖြင့် မျက်နှာကို အကြိမ်ကြိမ် ထိုးကြိတ်သည်ကို မခံရပ်နိုင် ဖြစ်လာသော ဇနီးဖြစ်သူက မကျေနပ်သဖြင့် ခင်ပွန်းသည်၏လည်ပင်းအား နီးစပ်ရာ ဓါးဖြင့် ထိုးလှီး လိုက်သည်။ အနီးအနားမှ လူများ ရောက်ရှိ လာသော အခါ မြန်မာ အလုပ်သမား ဦးစိုးသောင်း၏ လည်ပင်းတွင် ပြရှဒါဏ်ရာ ၁၅ လက်မ ခန့်နှင့် သွေးအိုင် ထဲတွင် လဲကျ နေပြီ ဖြစ်သည်။ အခန်း နီးချင်း များက ရဲစခန်းသို့ အ ကြောင်း ကြားခဲ့သည်။ ၏
ဖါးဖတန် ရဲစခန်းမှူး ချိုင်ဝတ် က ထိုင်းအမျိုးသမီး နန်းစုရင်အား ဖမ်းဆီး နိုင်ခဲ့ပြီး လူနာအား ဆေးရုံသို့ သယ်ဆောင်စဉ် မိနစ် ၂၀ ခန့် အကြာ လမ်းတွင်ပင် သေဆုံး သွားခဲ့သည်။ အမှု ဖြစ်ပွားသည့် မြန်မာ အမျိုးသားနှင့် ထိုင်းအမျိုးသမီး တို့ မှာ အကြင် လင်မယား အဖြစ် ပေါင်းသင်း နေထိုင် လာခဲ့သည်မှာ ၁၀ နှစ် ကြာပြီ ဖြစ်သည်။ လည်ပင် ဓါးဒါဏ်ရာကြောင့် အသက်ရှု လမ်းကြောင်း ပြတ်တောက် သွားသဖြင့် သေဆုံးခဲ့ ရကြောင်း တာဝန်ရှိသူများ ၏ အပြောအားကိုးကားပြီး ခေါင်စွပ် (ခေါ်) လတ်ဆတ်သော သတင်းစာတွင် ဖေါ်ပြ ထားသည်။


၁၅ . ၃ . ၂၀၁၀ l ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats