မြန်မာ နိုင်ငံကို ဖြတ်၍ တရုတ် နိုင်ငံ ကူမင်းမှ အိန္ဒိယနိုင်ငံ နယူး ဒေလီသို့ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ရန် တရုတ် နိုင်ငံက စီစဉ် နေကြောင်း သတင်း ဖော်ပြချက်များ အရ သိရသည်။ တရုတ် နိုင်ငံ၏ ကမ္ဘာ့ တိုက်ကြီး များရှိ နိုင်ငံပေါင်း ၁၇ နိုင်ငံ နှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း ၏ တစ်စိတ် တစ်ပိုင်း အနေဖြင့် ယင်းလမ်းပိုင်း ဖောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း စီမံကိန်းသည် တရုတ် နိုင်ငံကို ဗဟို အာရှ၊ အီရန်၊ ဥရောပ၊ ရုရှား နှင့် စင်ကာပူ တို့နှင့် ဆက်သွယ် ပေးမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံကို ဖြတ်၍ တရုတ် နိုင်ငံကူမင်းမှ အိန္ဒိယနိုင်ငံ နယူးဒေလီသို့ မြန်နှုန်းမြင့် ရထားလမ်းသည် အီရန်သို့ ဆက်သွယ်မည့် လမ်းနှင့် ချိတ်ဆက်မည် ဖြစ်ကြောင်း သိရသည်။မြန်မာ နိုင်ငံကို ဖြတ်၍ ဖောက်လုပ်ရန် အတွက် မြန်မာနိုင်ငံ အစိုးရ နှင့် ဆွေးနွေး ညှိနှိုင်းလျက် ရှိသည်ဟု သတင်းတွင် ဖော်ပြ ထားသည်။ သိုသော် နိုင်ငံများ၏ ရထားလမ်း ပိုင်းဆိုင်ရာ စံနှုန်းများမှာ ကွဲပြား ခြားနားမှုများရှိနေ၍ မြန်နှုန်းမြင့် ရထား ပြေးဆွဲ နိုင်ရန် ပြန်လည် ပြင်ဆင် သွားရမည် ဖြစ်ကြောင်း သိရသည်။
တရုတ် နိုင်ငံသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလက ကမ္ဘာ့ အမြန်ဆုံး ရထားလမ်းဟု ခေါ်ဆို နိုင်သည့် မြန်နှုန်းမြင့် ရထားလမ်းကို ဖွင့်လှစ် ခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၃၅၀ ပြေး သည့် ရထားကြောင့် ၁၀ နာရီကျော် သွားခဲ့ ရသည့် ခရီးမှာ သုံးနာရီဖြင့်သွား လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Ref: The Hindu.com
၁၇ . ၃ . ၂၀၁၀ l EM
|

0 comments:
Post a Comment