ယနေ့ နံနက် စောစော က ချင်းမိုင်မြို့ နယ်၊ စုဘောင်းရွာ၊ ရေတံခါး အနီးတွင် ရာဘ မူးယစ် ဆေးဝါး သယ်ဆောင် လာသည့် မြန်မာ တစ်ဦးက သေနတ် ၃ ချက် ပစ်ခတ် ခုခံသဖြင့် ထိုင်းရဲက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး လိုက်သည်။နံနက် ၅ နာရီ အချိန် ခန့်တွင် အဆိုပါ ရွာအနီး ရေတံတား အမှတ် ၃ နေရာတွင် မူးယစ် ဆေးဝါးများ အရောင်း အ၀ယ် ပြုလုပ်မည် ဖြစ်ကြောင်း ချင်းမိုင် မြို့ နယ် ရဲစခန်းက သတင်း ရရှိ ထားသည်ဟု ဆိုသည်။ အသက် သုံးဆယ်ကျော် အရွယ် အမည် မသိ မြန်မာ တစ်ဦးက သေနတ်ဖြင့် ပြန်လည် ခုခံ တိုက်ခိုက် သဖြင့် ထိုင်းရဲများက ပစ်ခတ် ဖမ်းဆီး ခဲ့ရကြောင်း ဒေလီနယူး အွန်လိုင်းတွင် ရေးသား ဖေါ်ပြ ထားသည်။သတင်း အရ ထိုင်း မူးယစ် ဆေးဝါး နှိမ်နင်းရေး အဖွဲ့ဝင်များ စောင့်ဆိုင်း နေစဉ် အဖြူရောင် နောက် အမိုးဖွင့် ကားတစီး ဆိုက်ရောက် လာခဲ့ပြီး ထိုင်း လူမျိုး ၂ ဦးဆင်း လာခဲ့သည်။ စောင့်ဆိုင်း နေသော ထိုင်းရဲများကို မြင်သဖြင့် ကားပေါ် ပြန်တက်ပြီး ထွက်ပြေး လွတ်မြောက် သွားခဲ့ ကြသည်။ အမည် ဖေါ်ပြ မထားသည့် အသက် ၃၅ နှစ် နှင့် ၄၀အကြားရှိ မြန်မာ၏ အလောင်းအား ရှာဖွေရာ ရာဘ ဆေးပြား အလုံး၂၀၀၀ နှင့် အတူ ငွေအချို့လည်း သိမ်းဆည်း ရမိခဲ့သည်။ သေဆုံးသူ အနီးမှ ၉၉ မမ ခြောက်လုံးပြူး တစ်လုံး နှင့် ၄င်းကျည် ၅ တောင့်တို့အား သိမ်းဆည်း ရမိ ခဲ့သည်။ အမှုလိုက် ရဲအရာရှိ အလုံကော် က“ ဒီဗမာကို မျက်ခြေ မပြတ် စောင့်ကြည့် နေတာ ကြာပြီ၊ထွက်ပြေး သွားသူများ အပြင် ဒီ ဂိုဏ် တစ်ခုလုံးကို အမြန်ဆုံး ဖေါ်ထုတ်ပြီး ဥပဒေ အရ အရေးယူ နိုင်အောင် ကြိုးစား သွားပါမယ်”ဟု ဒေသခံ သတင်း ထောက်များအား ပြောသည်။
၁၇ . ၃ . ၂၀၁၀ l ကိုတီ(ရခိုင့်တံခွန်ဂျာနယ်)
|

0 comments:
Post a Comment