အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ် ပြီးပါက မလိုလား အပ်သော ဘေးအန္တရာယ်များ ဖြစ်ပွားခြင်း မရှိစေရန် အဆိုပါ အဆောက် အအုံမှ သုံးရက် အတွင်း ထွက်ခွာ ရမည်ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက အကြောင်း ကြား ထားကြောင်း အဆိုပါ အကြောင်း ကြားစာ လက်ခံ ရရှိ ထားသော လသာ မြို့နယ် တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။ ''အန္တရာယ်ရှိ အဆောက် အအုံလို့ သတ်မှတ် ပြီးကြောင်း အကြောင်း ကြားစာ လက်ခံ ရရှိတာနဲ့ သုံးရက် အတွင်း ဖယ်ပေး ရမယ်။ မဖယ်ရင် အင်အား သုံးပြီး ဖယ်ရှားမယ်။ တိုက်ခန်း ပြန်လည် နေရာ ချထား ရေးကို လက်ခံ စဉ်းစားမှာ မဟုတ်ဘူးလို့ စာထဲမှာ ပါတယ်'' ဟု လသာမြို့ နယ် ၁၈ လမ်းရှိ အန္တရာယ်ရှိ အဆောက် အအုံတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။မတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် ပန်းဘဲတန်း မြို့နယ်၊ ကမ်းနားလမ်း နှင့် လမ်း ၃ဝ ထောင့်ရှိ အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ်သော သုံးထပ်တိုက် အဆောက် အအုံ တစ်လုံး ပြိုကျ ခဲ့ရာ အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံး ပြီးနောက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ယခုကဲ့သို့ ညွှန်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။ ပြိုကျ ခဲ့သော အဆောက် အအုံမှာ ၁၉၁၁ ခုနှစ်တွင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး အဆောက် အအုံ တစ်ခြမ်းမှာ ဒုတိယ ကမ္ဘာစစ် ဗုံးဒဏ် ခံခဲ့ရသည် ကို ပြင်ဆင်ထားသော အဆောက် အအုံ ဖြစ်ကြောင်း အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ်ပြီး နှစ်ပတ်ခန့် အကြာတွင် ရုတ်တရက် ပြိုကျ ခဲ့ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။ ''အရင်တုန်းက အန္တရာယ်ရှိ အဆောက် အအုံ သတ်မှတ်ပြီး အနည်းဆုံး သုံးလလောက် နေလို့ ရတယ်။ အခု မရတော့ ပြောင်းရွှေ့ဖို့ အခက် တွေ့နိုင် ပါတယ်'' ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူ အချို့က ပြောကြားသည်။
၂၁ . ၃ . ၂၀၁၀ l The Voice
|

0 comments:
Post a Comment