Navigation - link to other main sections from here


အရက်သောက် ထားသည့် လူငယ် တစ်စု ၄၈ အထူးယာဉ် ပေါ်တွင် ခရီးသည် နှစ်ဦးကို ရိုက်နှက်


ရန်ကုန်မြို့တော်တွင် မ.ထ.သ (၄၈) အထူး ခရီးသည်တင် ယာဉ်ပေါ်၌ အရက် သောက်ထားသည့် လူငယ် တစ်စုက ဇနီး မောင်နှံ နှစ်ဦးကို ဝိုင်းဝန်း ရိုက်နှက်မှု တစ်ခု မတ် ၁၁ ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။ ဖြစ်ပွား ပုံမှာ ယင်းနေ့ ည ၇ နာရီ ၃ဝ မိနစ် အချိန် ခန့်တွင် ဒေါ်အေးအေးရှိန် (၃ဝ) နှစ်၊ ၄င်း၏ ခင်ပွန်း ဖြစ်သူ ဦးလင်းလင်းကျော် နှင့် ဒေါ်စိုးစပယ်ဦး တို့သည် စမ်းချောင်း မြို့နယ် မဟာမြိုင် မှတ်တိုင်မှ အဆိုပါ ယာဉ်လိုင်း ယာဉ်အမှတ် ၁ဂ/၃၂ဝဝ ယာဉ်ကို စီးနင်း လိုက်ပါ လာခဲ့ကြောင်း၊ ထိုသို့ စီးနင်း လိုက်ပါ လာစဉ် လှည်းတန်း မှတ်တိုင် အထွက် ခရီးသည်များ တက်ရောက် လာကြကြောင်း၊ ယင်း အချိန်တွင် ယာဉ်ပေါ်တွင် အရက် သောက်ထားသည့် လူတစ်စုမှ တစ်ဦး ကိုင်ဆောင် ထားသော စတီး ထမင်းချိုင့်သည် ဒေါ်အေးအေးရှိန်၏ တင်ပါးကို လာရောက် ထိသောကြောင့် ပြောကြားရာ သံလမ်း မှတ်တိုင် အရောက်တွင် ၄င်းနှင့် ခင်ပွန်း ဖြစ်သူ တို့ကို အဆိုပါ လူတစ်စုက ဝိုင်းဝန်း ဆဲဆို ထိုးကြိတ် ခဲ့ကြောင်း၊ ယင်းကြောင့် ဒေါ်အေးအေးရှိန်တွင် ဝဲဘက်၊ ဝဲနှုတ်ခမ်းတွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးလင်းလင်းကျော် တွင်လည်း ဝဲဘက် နားထင် ဖူးရောင် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ ကျော်သူစိုး ၊ စိုးမိုး ၊ အေးမင်းလတ်၊ ဌေးအောင်၊ တင်မင်းလတ် တို့ကို လှိုင်ရဲစခန်းက (ပ) ၇၂/၁ဝ၊ ပုဒ်မ၂၉၄/၃၂၃/၃၅၄/၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း လှိုင်မြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် တိုင်းရဲ တပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ယင်းကဲ့သို့ ခရီးသည်တင် ယာဉ်များ ပေါ်တွင် လူမဆန် ယဉ်ကျေးမှု ကင်းမဲ့သည့် ဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက် စေရန် အရက် သေစာ သောက်စား ထားသူ များကို လုံးဝ တင်ဆောင် စီးနင်းခွင့် မပြုသင့် ကြောင်း ခရီးသည် တစ်ဦးက သုံးသပ် ပြောကြားသည်။

၂၁ . ၃ . ၂၀၁၀ l The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats