အင်တာနက် လိုင်း နှင့် ဖုန်းလိုင်း များကို သုံးစွဲ နိုင်မည့် အပြင် ရုပ်မြင် သံကြား လိုင်းများ ကိုပါ တစ်ပါတည်း ကြည့်ရှု နိုင်မည့် Fibre To The X (FTTX) အမည်ရှိ အင်တာနက် ဝန်ဆောင်မှုကို ရတနာပုံ တယ်လီ ပို့ကုမ္ပဏီက ကန ဦးတပ်ဆင်ခ ကျပ် ကိုးသိန်းဖြင့် ယခု လာမည့် မတ်လ ၂၇ ရက်နေ့ မှ စတင်ခါ ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း ထိုကုမ္ပဏီ ဒါရိုက်တာ တစ်ဦးက မတ်လ ၁၈ ရက် နေ့တွင် ပြောကြားသည်။ ထိုအင်တာနက် ဝန်ဆောင်မှု အသစ်သည် သုံးစွဲ သူ၏ နေရာ အရောက် ဖိုင်ဘာ ဖန်ကြိုး မျှင်များ တိုက်ရိုက် သွယ်တန်းကာ ဝန်ဆောင်မှု ပေးမည့် အင်တာနက် ဝန်ဆောင်မှု တစ်ခု ဖြစ်ပြီး နိုင်ငံတကာတွင် လည်းတွင် ကျယ်စွာ သုံးစွဲ နေသော စနစ် တစ်ရပ် ဖြစ်သည်။အဆိုပါ ဝန်ဆောင်မှုကို ကုမ္ပဏီ ရုံးချုပ် တည်ရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့နယ်တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ထို့နောက်တွင် မြို့ကြီး များဖြစ်သည့် မန္တလေး၊ မုံရွာ နှင့် တောင် ကြီးမြို့တို့တွင် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မူ ဇွန်လ နောက်ပိုင်းမှ စတင် ဆောင်ရွက် နိုင်ရန် ရည်မှန်း ထားကြောင်း ထို ကုမ္ပဏီ ဒါရိုက်တာ က ဆိုသည်။
“ ရန်ကုန်မြို့မှာ ဝန်ဆောင်မှု ပေးတဲ့ အခါ မှာတော့ ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီ တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာပါ။ ဒီဝန်ဆောင်မှုမှာ အင်တာနက် အမြန်နှုန်း အလိုက် 512 KBps, 1MBps, 2MBps နဲ့ 4MBps ဆိုပြီး Plan လေးမျိုး ရှိမယ်။ လစဉ် သုံးစွဲခက တော့ 512 KBps ဆိုရင် ကျပ် ၂၅, ၀၀၀၊ 1MBps ဆိုရင်ကျပ် ၅၀,၀၀၀၊ 2MBps ဆိုရင် ကျပ် တစ်သိန်း နဲ့ 4MBps ဆိုရင် ကျပ် တစ်သိန်း ခွဲနှုန်းထား တွေလောက် ဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။
ထိုဝန်ဆောင်မှုတွင် အင်တာနက် လိုင်းအပြင် သက်ဆိုင်ရာ ဧရိယာကုဒ် နောက်တွင် ဂဏန်း ၁၀ လုံး ပါဝင်မည့် ဖုန်းလိုင်း တစ်လိုင်း၊ မြဝတီ ရုပ်မြင် သံကြား နှင့် နိုင်ငံတကာ ရုပ်သံလိုင်း ခုနစ် လိုင်းကို အခမဲ့ ကြည့်ရှု နိုင်မည့် အင်တာနက် အခြေခံ ရုပ်မြင် သံကြား စနစ် ( Internet Prot- ocol Television) ဝန်ဆောင်မှု များလည်း ပါဝင်မည် ဖြစ်ကြောင်း ဆိုသည်။ “ပါဝင်မယ့် ဖုန်း လိုင်းကတော့ လိုင်းဖုန်းပါပဲ။ ခေါ်ဆို ခကတော့ လိုင်းဖုန်း ခေါ်ဆိုခတွေ အတိုင်းပါပဲ” ဟု ၎င်း ကပြောသည်။ ထိုဝန် ဆောင်မှုသည် လက်ရှိ ပေးအပ်လျက် ရှိသည့် အခြားသော အင်တာနက် ဝန်ဆောင်မှုများထက် အမြန်နှုန်း ကုန်ကျ စရိတ် ပိုင်းတွင် အားသာ ချက်များ ရှိမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် တွင် ဖော်ပြ ထားသည်။
၂၆ . ၃ . ၂၀၁၀
|

0 comments:
Post a Comment