မြိတ်မြို့ နေရာ တချို့မှာ ခဲဆိပ် သင့်မှုတွေ ဖြစ်ပေါ် မှုကြောင့် ကလေးငယ်တွေ အသက် အန္တရာယ် ဆုံးရှုံး မှုတွေ ရှိနေကြောင်း နေပြည်တော် လုပ်ငန်းခွင် ကျန်းမာရေး ဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာ စိုးတင့်က တယ်လီဖုန်းက တစ်ဆင့် ပြောပါတယ်။ လုပ်ငန်းခွင် ကျန်းမာရေး ဌာနက ၂၀၁၀ ဖေဖော်ဝါရီလ မှာ ကွင်းဆင်း စစ်ဆေးချက် အရ သိရှိတာပါ။ မြိတ်မြို့နယ် နေရာ အနှံ့မှာ နေတဲ့ ကလေးငယ် တွေမှာ ခဲဆိပ်သင့် လက္ခဏာတွေ တွေ့ရှိ ရပါတယ်။
ခဲဆိပ်သင့်မှု ကြောင့် ရန်ကုန် ကလေး ဆေးရုံးကြီးမှာ အသက် တစ်နှစ် ခုနစ်လ အရွယ် ကလေးငယ် တစ်ဦး သေဆုံး သွားခဲ့ပြီး သည် ကလေးရဲ့ အစ်ကိုဖြစ်သူ အသက် ခြောက်နှစ် အရွယ် ကလေး မှာလည်း ခဲဆိပ် သင့်မှု တွေ့ရှိ ရတယ်လို့ သိရတယ်။ ဒေါက်တာ စိုးတင့် က ‘ သေဆုံးတဲ့ ကလေးနေတဲ့ အိမ်ရဲ့ တစ်အိမ်ကျော်မှာ အရင်က ခဲရည်ကျို လုပ်ငန်း လုပ်ကိုင် ခဲ့တဲ့ နေအိမ် ရှိတယ်၊ ဒီလုပ်ငန်း လုပ်ခဲ့တဲ့ မြေနေရာကို နမူနာယူပြီး စစ်ဆေး ကြည့်တော့ ခဲပါဝင်မှုက အဆ တစ်ရာလောက် များနေတယ်’လို့ဆိုတယ်။
သည်ခဲရည်ကျို လုပ်ငန်း ပိုင်ရှင်ဟာ အခုအခါ မြိတ်မြို့မှာပ ခဲရည်ကျို လုပ်ငန်း ဆောင်ရွက် နေကြောင်း သိရှိ ရပါတယ်။ သည် ခဲရည်ကျို လုပ်ငန်းရဲ့ ပတ်ဝန်းကျင် ရှိ လေထုကို တိုင်းတာ ရာမှာလည်း ခဲပမာဏ များပြား နေတာကို တွေ့တယ်လို့ ဆိုတယ်။ နောက် သည်လုပ်ငန်းရဲ့ ကိုက်တစ်ရာ ပတ်ဝန်းကျင်ရှိ ငါးနှစ်အောက် ကလေးတွေကို သွေးဖောက် စစ်ရာမှာ သွေးထဲမှာ ခဲပမာဏ များနေတာကို တွေ့ရတယ်လို့ ဆိုတယ်။ မြိတ်မြို့နယ်တွင်း ငါးဖမ်းပိုက်ဟောင်း တွေကို ပြန်ပြု ပြင်ရာမှာ ခဲဟောင်း တွေကို ကျိုပြီး ဘောစေ့ အသစ် တွေ ပြုလုပ် ရောင်းချ ကြကြောင်း သိရတယ်။ သည် လုပ်ငန်း တွေကို မြို့နယ် လူနေ ရပ်ကွက် တွင်းမှာ လုပ်ကိုင် တာကြောင့် ဘေးပတ်ဝန်းကျင်မှာ ခဲဆိပ်သင့် ပြဿနာတွေ ဖြစ်ပွားရ ကြောင်းသိရသည်။ ဒေါက်တာစိုးတင့်က ‘မိမိ နေအိမ် ပတ်ဝန်း ကျင်မှာ ခဲရည်ကျို လုပ်ငန်းရှိ ရင် ကိုယ်ဝန်ဆောင် မိခင် နဲ့ ငါးနှစ်အောက် ကလေးတွေ မနေထိုင် သင့်ဘူး၊ ခဲရည်ကျို လုပ်ငန်း တွေကလဲ စက်မှုဇုန် ဘက်မှာ ပြောင်းရွှေ့ လုပ်ကိုင် သင့်တယ်’ လို့ ဆိုကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၂၆ . ၃ . ၂၀၁၀
|

0 comments:
Post a Comment