Navigation - link to other main sections from here


အိန္ဒိယအကြီးဆုံး မော်တော်ကားကုမ္ပဏီ မကွေး၌ထရပ်ကား စက်ရုံ တည်မည်


အိန္ဒိယ အကြီးဆုံး မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သော TATAMOTORS က မြန်မာ ပြည်၌ အကြီးစား ထရပ်ကား စက်ရုံ တည်ဆောက်မည့် စာချုပ် တစ်ခုကို ယခုလ ၂၂ ရက်နေ့ တွင် စက်မှု(၂) ဝန်ကြီးဌာန၊ မြန်မာ့ မော်တော်ယာဉ် နှင့် ဒီဇယ် အင်ဂျင် ထုတ်လုပ်မှု လုပ်ငန်း နှင့် လက်မှတ် ရေးထိုး ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

စက်ရုံကို မကွေးတိုင်း၌ တည်ဆောက် သွားမည် ဖြစ်ပြီး ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ် ၏ နောက်ဆုံး လေးလပတ် အတွင်း စတင် လည်ပတ် နိုင်မည် ဖြစ်မည်။ တစ်နှစ်လျှင် ကားစီးရေ ၁,၀၀၀ ထုတ်လုပ်နိုင် မည်ဖြစ်ပြီး ကားစီးရေ ၅,၀၀၀ အထိ တိုးချဲ့ ထုတ်လုပ် သွားမည် ဖြစ်သည်။ အဆိုပါ ကား ကုမ္ပဏီသည် ထရပ်ကား ထုတ်လုပ် မှုတွင် ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ဖြစ်ပြီး ဘတ်စ်ကားထုတ် လုပ်မှုတွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဖြစ်ရာ အာရှ နိုင်ငံ များ၌ အခြေချ ပြီးနောက် မြန်မာသို့ ဝင် ရောက်လာခြင်း ဖြစ်သည်။ ကုမ္ပဏီမှ ထုတ်လုပ်သော ကားများကို အိမ်နီးချင်း နိုင်ငံများ ဖြစ် သော သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါတို့သာ မက တောင်အာဖရိက၊ ရုရှား နှင့် ဓနသဟာယ နိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် မြန်မာ တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။


၂၅. ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats