Navigation - link to other main sections from here


ကမ္ဘာကျော် ဦးပိန်တံတားကြီး ပေါ်တွင် စက်ဘီးစီးနင်း သွား လာ သူများ ရှိနေ


ကမ္ဘာကျော် ရှေးဟောင်း အမွေ အနှစ် ဦးပိန် တံတားကြီး ကို ရေရှည် တည်တံ့ စေရန်၊ ဝိုင်းဝန်း ထိန်းသိမ်း ကြရန် ရှေး ဟောင်းသုတေသနမှ မေတ္တာရပ်ခံ ပန်ကြားထားသော်လည်း ဒေသခံများမှာ အဆိုပါ ကမ္ဘာကျော်ရှေးဟောင်း ဦးပိန် တံတားကြီး ပေါ်တွင် မဆင်မခြင် စက်ဘီးစီးနင်းသွားလာ မှုများပိုမိုများပြား လာနေခြင်းကြောင့် တင်းကြပ်စွာ ဟန့်တား အရေးယူမှုများ မပြုလုပ်ပါက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် စိန်ခေါ်ရာ ရောက်ကြောင်း ပြည်ပ ခရီးသွား တစ်ဦးမှ တွေ့ဆုံရာတွင် သူ၏ အမြင်ကို သုံးသပ် ပြောကြား ခဲ့သည်။ 'ခင်ဗျားတို့ တိုင်းပြည်မှာ သည်လို ကမ္ဘာကျော် အဖိုးတန် ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်တွေ ကျန်နေလို့ ကျုပ်တို့ တတွေက ပိုက်ဆံ အကုန် ခံပြီး မြန်မာပြည်ကို လာတာ။ အဲသည့် တန်ဖိုးကို ခင်ဗျားတို့ သိဖို့လိုတယ်။ ဒေသခံတွေက အဲသည့် အသိတွေ ရိုက်မသွင်း ပေးဘူးဆိုရင် ခင်ဗျားတို့ တိုင်းပြည်ဘဲ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမှာ။ ရှေးဟောင်း အမွေဆိုတာ လုပ်ယူ လို့မရဘူး။ ကျုပ်တို့တော့ ကမ္ဘာကျော် ဦးပိန် တံတားကို ရောက်တိုင်း အဲသည့် မြင်ကွင်း တွေတွေ့တိုင်း မဆီ မဆိုင် စိုးရိမ်စိတ် ပေါ်ရတယ်ဗျာ'ဟု သူ၏ ထင်မြင် ယူဆချက် ကိုလည်း ရှင်းလင်း ပြောဆို ခဲ့သည်။

၅ . ၃ . ၂၀၁၀ l Snapshot

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats