ဝက်မကြီး တစ်ကောင်က ဆင်နှင့် သဏ္ဌာန် တူသော ၀က်ကလေး တစ်ကောင်ကို မွေးဖွား ခဲ့ရာ ယင်း ၀က်လေး မှာ မွေးပြီး ပြီးချင်း အချိန်တို အတွင်း သေဆုံး သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ၀က်ကလေးမှာ မျက်နှာ ထိပ်တွင် ဆင်နှာမောင်းလေး ပါရှိပြီး ထို နှာမောင်း ထိပ်တွင် အသက်ရှူလေ ပေါက်နှစ်ပေါက်ပါ ရှိသည်။ နှာမောင်း အရှည်မှာ နှစ်လက်မခန့် ရှိသည်။ နှာမောင်း အောက်တွင် မျက်လုံး အကြီး တစ်လုံး ပါရှိပြီး ပါးစပ် မပါချေ။ နားရွက် မှာ ဆင်နားရွက် ကဲ့သို့ ပြားပြား ကြီးကြီး သဏ္ဌာန် ရှိကာ၊ ခြေထောက်များ မှာလည်း ဆင်ခြေထောက်များ ဖြစ်သည်။"ဒီအကောင်လေးမွေးပြီးပြီးချင်း ဆုံးသွားတာ။
ပထမစပြီးမွေးတဲ့ အကောင်လေးရဲ့ ရှေ့ခြေနှစ်ချောင်းမှာ ဆင်ခြေ ထောက်ပုံစံလေးတွေပါတယ်။
သူက အဲဒါပဲ ထူးခြားတာ။
ငါးကောင်မြောက်မှာ ဒီကောင်လေး ပိုထူးခြားနေတာ။
မွေးပြီးချင်း သေသွားလို့ မန္တလေး ဆေးရုံကြီး သွားပြီး မပုပ်တဲ့ ဆေးနဲ့ ပုလင်းထဲထည့်ပြီး စိမ်ထားတာပါ"ဟု ပိုင်ရှင် ကိုခင်မောင်စိုးက ပြောသည်။
ကိုခင်မောင်စိုး မွေးထားသော ၀က်မကြီးက မွေးခြင်း ဖြစ်ပြီး ထိုဝက်မကြီးမှာ ယခု အကြိမ်နှင့် ဆိုလျှင် နှစ်သားပေါက် ပြီးဖြစ်သည်။
ပထမ သားပေါက် ရာတွင် ထူးခြားမှု မရှိပေ။
ယင်းဝက်မကြီးမှာ တစ်နှစ်ခွဲသား ရှိပြီ ဖြစ်ကြောင်း နှင့် ဓမ္မတာ နည်းဖြင့်သာ မျိုးဆက်ပွားထားခြင်း ဖြစ်ကြောင်း သိရသည်။
ဝက်ကလေးမှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့ ထွန်တုံးရပ်ကွက်၊ ၅၃ လမ်း နှင့် ၅၄ လမ်းကြား ခိုင်ရွှေဝါလမ်း အိမ်နံပါတ် (၅)၊ ဇဇ ၂၅/၅ တွင်ရှိသည်။
မန်းသားလေး
၁၁ . ၃ . ၂၀၁၀ l MM
|

0 comments:
Post a Comment