Navigation - link to other main sections from here


မာစီးဒီးနည်းပညာသုံး တရုတ်ဖက်စပ် ကားများ တင်သွင်းခွင့် မန္တလေး အခြေစိုက် ကုမ္ပဏီ ရရှိ


ဂျာမနီ နိုင်ငံ အခြေစိုက် ကမ္ဘာကျော် ဇိမ်ခံ ကားများ ထုတ်သည့် မာစီးဒီး ကုမ္ပဏီ၏ နည်းပညာကို အခြေခံပြီး ထုတ်လုပ် ထားသည့် တရုတ် ဖက်စပ် မာစီးဒီး စက်ရုံ ထုတ် တူးဖော်ရေး နှင့် ဆောက်လုပ်ရေး စီမံကိန်းသုံး (Beiben Truck) ကားများ တင်သွင်းခွင့်ကို မန္တလေး အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် New Star Light က ရရှိ သွားသည်ဟု မတ်လ ၁ ရက်နေ့တွင် မန္တလေး စက်မှုဇုန် ရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ များထံမှ စုံစမ်း သိရှိ ရသည်။ယင်း ကုမ္ပဏီက တင်သွင်းမည့် စီမံကိန်းသုံး Beiben Truck ကားများကို ဖားကန့်ရှိ ကျောက်မျက် ကုမ္ပဏီများက တူးဖော်ရေး အတွက် စတင် အသုံးပြုရန် ကားစီးရေပေါင်း ၂ဝဝ ကျော်ကို ဝယ်ယူရန် ကုမ္ပဏီသို့ အမှာစာများ ရောက်ရှိ နေပြီး ကားတစ်စီး တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၉၅ဝ ခန့် ရှိကြောင်း၊ မှာယူ တင်သွင်းမည့် ကုမ္ပဏီမှ ၂ဝ၁ဝ မော်ဒယ် များကိုသာ တင်သွင်းရန် ရှိကြောင်း ယင်း ကုမ္ပဏီထံမှသိရှိရသည်။

မန္တလေး အခြေစိုက် New Star Light ကုမ္ပဏီသည် မန္တလေးတွင် ၄၈ လမ်း အိမ်ရာ စီမံကိန်း၊ အဝေးပြေးယာဉ် ရပ်နား စခန်း စီမံကိန်း နှင့် ကွန်တိန်နာ စီမံကိန်း တို့တွင် ပါဝင်ဆောင်ရွက် နေသည့် ကုမ္ပဏီ ဖြစ်သည်။


၁၄ . ၃ . ၂၀၁၀ The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats