Navigation - link to other main sections from here


ရွှေစာရံဘုရားပွဲ နှစ် ၂၀ အတွင်း ထူးခြားစွာ စည်ကားခဲ့



ယခုနှစ် ရွှေစာရံ ဘုရားပွဲမှာ နှစ် ၂၀ အတွင်း တပေါင်း လပြည့် နေ့တွင် မကြုံ စဖူး ဘုရားပွဲလာ ကားများနှင့် ဆိုင်ကယ်များ ပိုမို များပြားခြင်း ကြောင့် မန္တလေး နှင့် လားရှိုးသို့ သွားလာနေသော ကားများမှာ အုန်းချော ကျေးရွာတွင် နာရီပေါင်း ၁၄ နာရီကြာ ပိတ်မိ လျက်ရှိခဲ့ ကြောင်း သိရသည်။ "ကျွန်တော့် တစ်သက်မှာ ရွှေစာရံ ဘုရားပွဲ ဒီလို စည်ကားတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။ အရင် နှစ်တွေက စည်တာတော့ စည်တယ်။ ခုလို တိုး မပေါက် အောင်တော့ မဟုတ်ဘူး။ ရွှေစာရံ ဘုရားဝင်း ကနေ ကားတွေ စပိတ်လိုက်တာ အရှေ့မြေပြန့် အထိ ပိတ်နေတာ။ မန္တလေးနဲ့ လားရှိုးပြေး နေတဲ့ ကားတွေပါ အကုန် ပိတ်ကုန်တာ ပေါ့ "ဟု ရွှေစာရံ ရွာသား တစ်ဦးက ပြောသည်။ တပေါင်း လပြည့် နေ့တွင် ရွှေစာရံ ဘုရားဝင်း မှ ၁၅ မိုင် ၀န်းကျင်ရှိ လမ်းများမှာ ကားများ နှင့် ဆိုင်ကယ်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒီလို ပိတ်မိ နေတာတွေက ဒီနှစ် ဆိုင်ကယ် တွေတအားများလာတာ ကြောင့်လည်း ပါတယ်။ ဆိုင်ကယ်တွေ မန္တလေးမှာ ပေါလာတော့ ဘုရားပွဲကို ဆိုင်ကယ် တွေနဲ့ လာကြတယ်။ ပြီးတော့ စည်းမရှိ ကမ်းမရှိ စီးကြတော့ ဘုရားပွဲလာ ကားတွေ တိုး မပေါက်တော့ ဘူးပေါ့" ဟု ၎င်းက ပြောသည်။

ရွှေစာရံဘုရားပွဲကို နှစ်စဉ်ပြုလုပ် နေကျဖြစ်သော တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့အထိ ကျင်းပခဲ့သည်။ ယခုနှစ်တွင် ထူးခြားမှုမှာ ရဲရွာ စီမံကိန်းမှ ဒုဋ္ဌ၀တီမြစ်ရေကို လှောင်ထားရာမှ ဘုရားပွဲတော် ကျင်းပမည့် ရက်အတွင်း မြစ်ရေပြန်လည် လွှတ် ပေးခဲ့သည်။

ဒုဋ္ဌ၀တီမြစ်ရေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စတင် လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီးရေလွှတ်မည့် အချိန်ကိုလည်း ကြိုတင် သတိပေး ခဲ့သည်။

ယခုနှစ်တွင် ဆိုင်ခန်းဈေးများမှာ ရှမ်းဆိုင်ခန်းတစ်ခန်းလျှင် ကျပ် ၃,၀၀၀၊ အခြားဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၇,၀၀၀ နှင့် အဖျား အစွန် ဈေးဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၅,၀၀၀ ဖြင့် ရောင်း ချထားကြောင်း ရွှေစာရံ စေတီတော် ဂေါပကအဖွဲ့က တရားဝင် ကြေညာ ထားသည်။

"ကျွန်တော့ဆိုင်ခန်းလေးက သုံး သောင်းလောက်ကျတယ်။ ၁၀ ပေ၀န်း ကျင်လောက်ရှိတယ်။ နေရာနဲ့ အနေထားပေါ်မူတည်ပြီး ဈေးဖြတ်ကြတာပါ" ဟု ရွှေစာရံဘုရားပွဲတွင် ကွမ်း ယာဆိုင် ဖွင့်ထားသော ကိုတင်ဦးက ပြောသည်။

ရွှေစာရံဘုရားပွဲသို့ မန္တလေးမှပြေးဆွဲ ပေးနေသော ကားများမှာ တစ်နေ့လျှင် ၄၈ စီးရှိကာ လူတစ်ဦးလျှင် ကျပ် ၇၀၀ ကျသည်။

အဆိုပါ လိုင်းကားများ အပြင် သုံးဘီးဆိုင်ကယ်များနှင့် မြင်းလှည်းများကလည်း အုန်းချောနှင့် ရွှေစာရံ ၁၃ မိုင်ကို တစ်ဦးလျှင် ကျပ် ၃၀၀၊ ကျပ် ၅၀၀ ဖြင့် ခေါက်တို ပြေးဆွဲပေးခဲ့သည်။

ယခုနှစ် ငွေသောင်ယံသို့ ဆင်းသူများကို တစ်ဦးလျှင် ကျပ် ၃၀၀ သတ် မှတ်ထားပြီး ယခင်နှစ်က တစ်ဦးလျှင် ကျပ် ၅၀၀ သတ်မှတ် ခဲ့သည်။ အနယ်နယ် အရပ်ရပ်မှ လာသော စက်လှေ များကလည်း ရွှေစာရံ ဘုရား နှင့် နားဋောင်းကျ ဘုရားသို့ တစ်ဦးလျှင် ကျပ် ၃၀၀ ယူ၍ ပြေးဆွဲ ခဲ့သည်။ ကားဝင်း နှင့် နားဂါးရုံ ဘုရားသို့ သွားလာခွင့် မပေးဟု သိရသည်။

မန်းသားလေး
၂၀ . ၃ . ၂၀၁၀ l MMtimes

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats