မန္တလေး မြို့တော် မဟာ သင်္ကြန် ပွဲတော်တွင် ကျုံးပတ်လည်၊ မြို့တွင်း အလှပြ မဏ္ဍပ်ငယ် နှင့် ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခွင့် အတွက် အာမခံငွေ ကျပ် ငါးသိန်းကို မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထား ပေးသွင်းပြီး လျှောက်ထား နိုင်ကြောင်း မန္တလေးမြို့တော်စ ည်ပင်သာယာရေး ကော်မတီ အခွန်ဌာနက တရားဝင် ထုတ်ပြန်သည်။ ယင်းမဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို အာမခံ ငွေကျပ် ငါးသိန်း ပေးသွင်း ပြီးမှသာ မဏ္ဍပ်များ နေရာ ချထားရေး အတွက် မဲနှိုက် ခွင့်ပြုမည် ဖြစ်ပြီး ကျုံးပတ်လည် လေးဖက် စလုံးတွင် ဆောက်လိုသည့် နေရာကို လျှောက်ထား နိုင်ကြောင်း၊ အာမခံ ငွေတင်သွင်းကာ မဏ္ဍပ် ဆောက်လုပ်ရန် စာရင်းပေးပြီး မဆောက်လျှင် အာမခံငွေ ဆုံးရှုံးမည် ဖြစ်ကြောင်း၊ မဏ္ဍပ် တစ်ခုတွင် အနည်းဆုံးပေ ၈၀ အကျယ် သတ်မှတ် ထားပြီး အများဆုံးပေ ၁၀၀ ကျယ်ဖြစ်၍ တီးဝိုင်းပါလျှင် ၁၂၀ အကျယ်အထိ ဆောက်လုပ်ခွင့် ပေးမည် ဖြစ်ကြောင်း ၂၀၁၀ခု နှစ် မတ်လ ၂၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
၂၀ . ၃ . ၂၀၁၀
၂၀ . ၃ . ၂၀၁၀
|

0 comments:
Post a Comment