Navigation - link to other main sections from here


မန္တလေး ဆိပ်ကမ်း သာယာ လှပရေး အတွက် ဧရာဝတီ မြစ်ကမ်း ဘေးရှိ ကျူးကျော် နေအိမ် များကို ဖယ်ရှား ရှင်းလင်း သွားမည်


မန္တလေး ဆိပ်ကမ်း သာယာ လှပရေးအတွက် ဧရာဝတီ မြစ်ကမ်း ဘေးရှိ ကျူးကျော် နေအိမ် များကို ဖယ်ရှား ရှင်းလင်း သွားရန် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ဆောင်ရွက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရှိ ရသည်။ မန္တလေးမြို့သည် ဧရာဝတီမြစ် အရှေ့ဘက်တွင် တည်ရှိသည့် အားလျော်စွာ တောင်ဘက် ချမ်းမြ သာစည် မြို့နယ်မှ မြောက်ဘက် အောင်မြေသာစံမြို့ နယ်ထိ ဆိပ်ကမ်း အရှည် ရှစ်မိုင် နီးပါး ရှိရာ သစ်လုပ်ငန်းများ၊ ကုန်တင် ကုန်ချ လုပ်ငန်းများ၊ သဲလုပ်ငန်းများ နှင့် ခရီးသည် ရေယာဉ်ဆိပ် စသည့် လုပ်ငန်း များနှင့်လည်း ဆက်စပ် တည်ရှိသည်။

မန္တလေး ဆိပ်ကမ်း သာယာ လှပရေး အတွက် သန့်ရှင်းရေး၊ လမ်းများ ပြုပြင်ရေး၊ ဆိပ်ကမ်းတွင် စနစ်တကျ ရေယာဉ်များ ဆိုက်ကပ် စေရေး၊ ပစ္စည်း တင်ချခြင်း လုပ်ငန်းများ၊ ထုံး၊ သဲ၊ ကျောက်များ နှင့် စက်သုံးဆီ ရေ ယာဉ်များ အပိုင်း လိုက်နေရာ ချထားရေး၊ ဆိပ်ကမ်း သာယာ လှပရေး နှင့် လုံခြုံမှု လုပ်ငန်းများ ကိုလည်း ကော်မတီ အလိုက် တာဝန် ခွဲဝေ သွားမည် ဟုလည်း သိရှိရသည်။

၂၂ . ၃ . ၂၀၁၀ l Eleven Media

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats