Navigation - link to other main sections from here


မန္တလေးတိုင်း ယာဉ်တိုက်မှု အကြိမ် အများဆုံး ဟုဆို


မြန်မာ နိုင်ငံ တစ်နိုင်ငံလုံး အတိုင်း အတာ အရ မန္တလေးတိုင်း သည် ၂ဝဝ၉ ခုနှစ် အတွင်း ယာဉ်တိုက်မှု အကြိမ်ရေ အများဆုံး ဖြစ်လာကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အောင်နိုင်က ပြောကြားသည်။ ယခင် ရန်ကုန်တိုင်း သည် ယာဉ်တိုက်မှု အဖြစ် များဆုံး နေရာ ဖြစ်ခဲ့ သော်လည်း ယခုတွင် မန္တလေးတိုင်းသည် ယာဉ်တိုက်မှု အဖြစ် များဆုံး ဖြစ်လာကြောင်း၊ မြန်မာ တစ်နိုင်ငံ လုံးတွင် ၂ဝဝ၉ ခုနှစ် အတွင်း ယာဉ်တိုက်မှု အကြိမ်ရေ ၈၄၆၁ ကြိမ် ဖြစ်ပွား ခဲ့ပြီး မန္တလေးတိုင်းတွင် ၁၆၅၅ ကြိမ်၊ ရန်ကုန်တိုင်းတွင် ၁၆၄၄ ကြိမ်၊ ပဲခူးတိုင်းတွင် ၁ဝ၇ဝ ကြိမ် နှင့် စစ်ကိုင်းတိုင်းတွင် ၁ဝဝ၈ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း၊ ယင်းတိုင်း လေးတိုင်း သည် ယာဉ်တိုက်မှု အဖြစ်များဆုံး ဖြစ်ပြီး ယင်းတို့ အနက် မန္တလေးတိုင်း သည် ယာဉ်တိုက်မှု အဖြစ်များ လာကြောင်း ၄င်းက ရှင်းလင်း ပြောကြား သည်။

အဆိုပါ ယာဉ်တိုက် မှုကြောင့် ၂ဝဝ၉ ခုနှစ်တွင် ကျပ် နှစ်သန်းကျော် ဆုံးရှုံး ခဲ့ပြီး ၂ဝဝ၈ ခုနှစ် ထက် ပိုမို မြင့်တက် လာကြောင်း၊ ယာဉ်တိုက် မှုကြောင့် သေဆုံး မှုသည်လည်း ၂ဝဝ၈ ခုနှစ် တွင် ၁၈၅၃ ဦး သေဆုံး ခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ၂၁၇၃ ဦး အထိ ရှိလာကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ထံမှ စံစမ်း သိရှိ ရသည်။

'' မန္တလေးမှာက ဆိုင်ကယ် အရေ အတွက်က တစ်နေ့ထက် တစ်နေ့ များများ လာတယ်။ ဒီမြို့ကို လာလည်တဲ့ လူ တွေက ဒီရောက်မှ ဆိုင်ကယ်တွေ ငှားစီး ကြတယ်လေ။ လာလည်တဲ့ လူတွေ စည်းကမ်းမဲ့ စီးတာ တွေကြောင့် ယာဉ်တိုက်မှု ပိုဖြစ်တယ်။ လမ်းကြောင်း တွေက ကျဉ်းရတဲ့ အထဲ ဆိုင်ကယ်၊ ကားတွေ များများ လာတော့ ယာဉ်တိုက် မှုတွေ အရမ်း ဖြစ်လာတယ်''ဟု မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ယာဉ်တိုက်မှုများ ဖြစ်ပွား ရာတွင် ခရီးသည်တင် ယာဉ်များ၏ ယာဉ်တိုက်မှု ဖြစ်ပွားမှု ရာခိုင်နှုန်း လျော့နည်းလာပြီး ကိုယ်ပိုင် ယာဉ်များ ယာဉ်တိုက်မှု နှုန်းသည် လျော့ကျ လာခြင်း မရှိကြောင်း နှင့် ယာဉ်တိုက် မှုများ ထဲတွင် မော်တော် ဆိုင်ကယ် များသည် ယာဉ်တိုက်မှု အများဆုံး ဖြစ်လာကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) ထံမှ စုံစမ်း သိရှိ ရသည်။

၂၃ . ၃ . ၂၀၁၀ l The Voice

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats