Navigation - link to other main sections from here


ရန်ကုန် မြို့ရှိ အဆောက် အအုံ ၂၅ လုံးကို အန္တရာယ်ရှိ အဆောက် အအုံများ အဖြစ် ထပ်မံ သတ်မှတ်


ရန်ကုန် မြို့တွင်းရှိ အဆောက် အအုံ ၂၅ လုံးကို အန္တရာယ်ရှိ အဆောက် အအုံများ အဖြစ် သတ်မှတ် လိုက်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင် နီယာဌန (အဆောက် အအုံ) ၏ ကြေညာချက် အရ သိရသည်။ အဆိုပါ အဆောက် အအုံများ စစ်ဆေးရေး အဖွဲ့မှ စစ်ဆေး အတည် ပြုပြီးမှ အန္တရာယ်ရှိ အဆောက် အအုံများ အဖြစ် သတ်မှတ် ကြေညာခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အဆောက် အအုံ များမှာ ပန်းဘဲတန်း မြို့နယ်တွင် ခုနစ်လုံး၊ လသာ မြို့နယ်တွင် လေးလုံး နှင့် တာမွေ မြို့နယ်တွင် ရှစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။ အန္တရာယ် ရှိအဖြစ် သတ်မှတ် လိုက်သော အဆောက် အအုံ များကို ဖြိုဖျက်၍ အသစ် ပြန်လည် ဆောက် လုပ်ရန် စီစဉ်လျက် ရှိသောကြောင့် မြေပိုင်ဆိုင်မှု ရှိသူ များသည် မြေပိုင်ဆိုင်မှု အထောက် အထား များကို မူရင်း တစ်စုံ၊ မိတ္တူ နှစ်စုံ တို့ဖြင့် တစ်လ အတွင်း လာရောက် ဆက်သွယ် နိုင်ကြောင်း သိရသည်။ မြေ ပိုင်ဆိုင် မှုနှင့် ပတ်သက်၍ ကန့်ကွက် လိုပါက လည်း ကန့်ကွက် ရသည့် အကြောင်းရင်းကို ခိုင်မာသည့် အထောက် အထား များနှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) သို့ တစ်လ အတွင်း လာရောက် ဆက်သွယ် နိုင်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်နေ့ ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားသည်။

၂၅ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats