Navigation - link to other main sections from here


မြန်မာ့ တူရိယာ တီးခတ် မှုကို သုတေသန စာတမ်း၊ ဘွဲ့ စာတမ်း တို့ အတွက် နိုင်ငံခြားသား အများစု လာရောက် လေ့လာ လျက်ရှိ


မြန်မာ့ တူရိယာ ပစ္စည်း များအား နိုင်ငံခြား သားများ လာရောက် လေ့လာ သင်ယူ ကြပြီး အများ စုမှာ ဘွဲ့ စာတမ်း နှင့် သုတေသန စာတမ်းများ အတွက် ဖြစ်ပြီး ပညာ ဖလှယ် ခြင်းများလည်း ရှိကြောင်း သိရသည်။ “နိုင်ငံခြားသား အတော် များများ က မြန်မာ့ ဂီတရဲ့အသံ ဖွဲ့စည်းပုံကို အများဆုံး လေ့လာ ကြတယ်။ အဆို မှာ ဆိုရင်လည်း နရီ၊ စည်းဝါးကို လေ့လာတယ်။ မြန်မာ့ ဂီတမှာ သံစဉ် ခုနှစ်ပါးနဲ့ ဘယ်လို လည်ပတ်လဲ ဆိုတာကို စိတ်ဝင် တစား ရှိကြတယ်။ စောင်းတီး သင်တာ အများ ဆုံးက ထိုင်း၊ ပြင်သစ်နဲ့ သြစတြေးလျက လူတွေကိုတော့ သင်ပေး ဖူးပါတယ်။

တစ်ချို့နိုင်ငံခြား သားတွေက သူတို့ဆီက ပညာကို ဒီမှာ ပြန်သင် ပေးပါ တယ်” ဟု ပတ္တမြား ဗိုလ်တင့်က ဆိုပါ သည်။ နိုင်ငံခြားသား အများ စုသည် လိုချင်သည့် အသံ ရအောင် တီးခတ် နိုင်မှုနှင့် ဂီတ သင်္ကေတ တသီးခြား မရှိဘဲ စည်းစည်း လုံးလုံး တီးခတ် နိုင်ခြင်း များကို ပိုမို စိတ်ဝင် စားမှု ရှိကြကြောင်း သိရသည်။ “နိုင်ငံခြား ကနေပြီး ဂီတနဲ့ ပတ်သက်တဲ့ MA,Ph.D ယူဖို့ စာတမ်းနဲ့ ပတ်သက်ပြီး လာတာ များတယ်။ အတီး သင်ဖို့ ဆိုရင် အနည်းဆုံး ၆ လလောက် ဒီမှာ နေဖို့ လိုတော့ မနေ နိုင်ကြဘူး။


တစ်ချို့ကျတော့လည်း ၂ နှစ် အထိ နေပြီးတော့ သင်ကြတာ ရှိပေမယ့် နည်းတယ်။ တော်တော် များများ ကတော့ သဘော နားလည် ရုံလောက်ပဲ လေ့လာ ကြတာ များတယ်။ တစ်ချို့ ဆိုရင် ယဉ်ကျေးမှု တက္ကသိုလ်မှာ လာပြီးတော့ သင်ကြတာရှိတယ်” ဟု မဟာ ဂီတ သုတေသီ ဦးခင်မောင်တင်က ပြောကြား ခဲ့သည်။


မြန်မာ့ ဂီတကို စနစ်တကျ လေ့လာသွား ခဲ့သော အမေရိကားမှ Dr. Robert Garsias က မြန်မာ့ ဂီတသည် ခက်ခဲ နက်နဲပြီး အရှေ့တောင် အာရှတွင် အဆင့် အမြင့် ဆုံးနှင့် အင်အား အတောင့် တင်းဆုံး ဖြစ်သည်ဟု ရေးသား ခဲ့ဖူး ကြောင်း၊ သူ၏ ဆောင်းပါး နှင့် စာတမ်း များအား ဖတ်ရှု ဖူးသူ အနောက် နိုင်ငံသား အများ စုက မြန်မာ့ ဂီတကို စိတ်ဝင် စားကာ လာရောက် လေ့လာ ကြသည်များ ရှိကြောင်း ဦးခင်မောင်တင်၏ ပြောကြားချက် အရ သိရှိ ရကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားသည်။

၂၅ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats