Navigation - link to other main sections from here


အအေးခန်းစက်ရုံ များတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဖြစ်ပေါ် စေသည့် ဓာတ်ငွေ့ သုံးစွဲမှု တားမြစ်


ရေထွက် ပစ္စည်း ပြုပြင် ထုတ်လုပ်သည့် စက်ရုံ များမှ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏ လျှော့ချရေး အတွက် အအေးခန်း စက်ရုံ များတွင် ခွင့်ပြု ထားသော ဓာတ်ငွေ့ ကိုသာ သုံးစွဲရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသား ကော်မရှင်မှ သတ်မှတ် လိုက်ကြောင်း ငါးလုပ်ငန်း ဦးစီး ဌာနမှ သတင်း ရရှိသည်။ အမိုးနီးယား ဓာတ်ငွေ့ ဖြင့်သာ ရေထွက်ကုန် များကို အေးခဲရန် ခွင့်ပြုပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ဖြစ်ပေါ် စေသည့် ဖရီယွန် ဓာတ်ငွေ့ကို မသုံး စွဲရန် တားမြစ် လိုက်သည်။

ဖရီယွန် ဓာတ်ငွေ့ကို အသုံး ပြုပါက ကလိုရို ဖလူရို ကာဗွန် ဓာတ်ငွေ့၊ ဂလိုရို ဖလူရို ကာဗွန် ဓာတ်ငွေ့ ဟေကို ဂျင်များ ထွက်လာပြီး အဆိုပါ ဓာတ်ငွေ့သည် အိုဇုန်းလွှာ ကို ပေါက်ပြဲ စေသောကြောင့် ဖြစ်သည်။ ထိုအခါ နေရောင်ခြည်မှ လာသော ခရမ်းလွန် ရောင်ခြည် များကြောင်း လူတို့၏ အရေပြားကို ပျက်စီး စေပြီး ရောဂါ ပိုးမွှားများ ကျရောက် ပေါက်ပွား စေသည်။ အပင် နှင့် သတ္တ၀ါ များကိုလည်း သေကျေ ပျက်စီး စေသောကြောင့် ယခုကဲ့သို့ သတ်မှတ် လိုက်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ၁၉၈၇ ခုနှစ်တွင် မွန်ထရီယမ် စာချုပ်ဖြင့် အဆိုပါ ဓာတ်ငွေ့များ မသုံးစွဲရေး တားမြစ် ထားပြီး ဖြစ်ကြောင်း ၄င်းက ပြောသည်။ ရေထွက် ပစ္စည်း အအေးခန်း စက်ရုံပေါင်း ၁၀၀ ခန့်မှ ကိုယ်စား လှယ်များကို တွေ့ဆုံ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသား ကော်မရှင်က ဆွေးနွေးရှင်း ပြခဲ့ကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အဆိုပါ ကော်မရှင်သည် ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီ အစဉ်ဖြင့် ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ ထုတ် လွှတ်မှု ပမာဏ တိုင်းတာခြင်း လုပ်ငန်းများ လုပ်ဆောင်ေ နသည်။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီမှ စတင်ကာ စက်ရုံ၊ အလုပ်ရုံနှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ၊ သစ်တော ကဏ္ဍ များမှပါ လေ့လာ တွက်ချက် နေသည်။ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ တွင် လေ့လာ တွေ့ရှိ ချက်များကို ကနဦး အမျိုးသား စီမံကိန်း အစီရင် ခံစာ ပြုစု ရေးသားပြီး ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး အစီ အစဉ်သို့ တင်ရမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြ ထားသည်။


၂၅ . ၃ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats