ဧရာဝတီ တိုင်းနဲ့ ပဲခူးတိုင်းက ဒေသ တချို့ရဲ့ လက်တူး ရေတွင်းက ထွက်လာတဲ့ ရေတွေမှာ ရေရှည် သောက်ရင် အဆိပ်သင့် စေနိုင်မယ့် အာဆင်းနစ် (Arsenic) ဒြပ် သတ္တု ပစ္စည်း ပါဝင်မှု များ နေတာ တွေ့ရတယ်လို့ လုပ်ငန်းခွင် ကျန်းမာရေး ဌာနက သိရ ပါတယ်။ ဧရာဝတီတိုင်း မြောက် ဘက်ခြမ်းက ဟင်္သာတ၊ ကျုံပျော်၊ ဇလွန်၊ သာပေါင်း၊ ပန်းတနော် နဲ့ ပဲခူးတိုင်းက ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျော်တံခါး၊ ဖြူးစတဲ့ မြို့နယ် တွေမှာ တွေ့ရ တာပါ။ သည် မြို့နယ်တွေ ထဲက အာဆင်းနစ် ပါဝင်မှု များတဲ့ ရေကို သောက်နေတဲ့ လူပေါင်း ၂၁,၅၄၆ ဦးကို စစ်ဆေးတဲ့ အခါ အဆိပ်သင့် နေတယ်လို့ သံသယ ဖြစ်ဖွယ် လူနာ ခုနစ်ဦး တွေ့ရ တယ်လို့ မတ်လ ၁၇ ရက်နေ့က ပြု လုပ်တဲ့ ကမ္ဘာ့ရေ သယံ ဇာတနေ့ အကြို ပွဲမှာ လုပ်ငန်းခွင့် ကျန်းမာရေး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။
အာဆင်းနစ်ပါတဲ့ ရေသောက်မိပြီး အဆိပ်သင့် ခံရ တယ်လို့ ဖြစ်နိုင်ဖွယ် ရှိတဲ့လူ၊ ရေရှည် သောက်မိပြီး အဆိပ်သင့် နေပြီလို့ သံသယ ဖြစ်ဖွယ်ကောင်း တဲ့လူနဲ့ သေချာပေါက် အဆိပ်သင့် နေတဲ့ လူဆိုပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က အဆင့် သုံးဆင့် ခွဲပြီး သတ်မှတ်တယ်။ သတ်မှတ်ချက် အရ မြန်မာ နိုင်ငံမှာ တွေ့ရှိထားတဲ့ လူခုနစ်ဦး ထဲက နှစ်ဦးသာ အဆိပ်သင့် ခံရတဲ့ လူနာ အဖြစ် သတ်မှတ် ခံရတယ်လို့ ဆိုပါတယ်။ အာဆင်းနစ် ပါဝင်မှု များတဲ့ ရေကို ရေရှည် သောက်မိရင် ပထမဆုံး အရေပြားပေါ်မှာ ညှင်းနဲ့ ဆင်တူတဲ့ မှိုပွင့်တွေ ထွက်လာတယ်။ နောက်ပိုင်း လက်ဖ၀ါး၊ ခြေဖ၀ါးမှာ အသားမာတက် ထူပိန်း လာတဲ့ အဆင့်ကနေ နောက်ဆုံး ကိုယ်တွင်း အင်္ဂါ ကလီစာ မှာ ကင်ဆာ ဖြစ်တဲ့ ဝေဒနာ ခံစားရတယ်လို့ ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။
နုန်းတင် မြေနု မြေအောက်လွှာ ပေါ်မှာ အခြေပြု ထားတဲ့မြို့(ဥပမာ မြစ်ဝ ကျွန်းပေါ် လိုဒေသ) ဧရိယာ နဲ့ မြစ်ဝှမ်း ဒေသတွေ၊ မြစ်၊ ချောင်း၊ အင်းအိုင် တွေရဲ့ ဘေးက မြေပြန့် လွင်ပြင် ဒေသတွေ စတဲ့ နေရာ မျိုးတွေက သောက်သုံးရေ (အ၀ီစိ ရေတွင်းက ထွက်လာတဲ့ရေ) ထဲမှာ အာဆင်းနစ် ပါဝင်နှုန်း များနိုင် တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ ခန့်က မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ မသောက်ဖို့ ပညာပေး တားမြစ်တယ်။ အကာ အကွယ် မဲ့တာ၊ အညစ် အကြေး စွန့်ပစ်တာ တွေကြောင့် အထက်လန် အောက်လျှော၊ ၀မ်းလျှော၊ ၀မ်းပျက်နဲ့ အူရောင် ငန်းဖျား ရောဂါတွေ ဖြစ်နိုင် တာမို့ တားတာပါ။
မြေအောက်က ရေက သန့်လို့ ထုတ်သုံးဖို့ သက်ဆိုင်ရာက ပညာ ပေးတယ်။ သည်နောက်ပိုင်း မြေအောက် ရေထဲမှာ မြေအောင်း နေတဲ့ နှစ်ချို့သတ္တုဓာတ် တွေပါလာပြီး အာဆင်းနစ် အဆိပ်သင့် တာတွေ ဖြစ်လာ ရတယ်လို့ ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။ အာဆင်းနစ် ပါဝင်မှုများတဲ့ ရေကို ရေချိုး၊ အ၀တ်လျှော်၊ ဆေးကြောနိုင်ပြီး ကျိုချက်သောက်တာ၊ ထမင်းဟင်းချက်တဲ့ အထဲမှာ သုံးတာ တွေက လူကို အဆိပ်သင့် နိုင်ပါတယ်။
အာဆင်းနစ် ပါတဲ့ ရေကို ၄၈ နာရီ ည သိပ်ပြီး အပေါ် တစ်ဝက် သောက်ရေ အဖြစ် သုံး နိုင်တယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင် ကျန်းမာရေး ဌာနက တိုင်းနဲ့ ပြည်နယ် ၁၂ ခု၊ မြို့နယ် ပေါင်းများစွာ ကွင်းဆင်းပြီး သောက်သုံး ရေထဲမှာ အာဆင်းနစ်ပါ၊ မပါ စစ်ဆေး ပေးနတယ်။ သောက်ရေထဲမှာ အာဆင်းနစ် ပါဝင်မှု များတဲ့ ရွာတွေ၊ ရေအရင်း အမြစ်တွေ တွေ့ရင်သည် ရေကို ဒသခံ ပြည်သူတွေ ဆက် မသောက်ဖို့ အသိ ပေးတယ်။ သည်နောက်ပိုင်း အာဆင်း နစ်မပါတဲ့ သောက်သုံး ရေရအောင် သက်ဆိုင်ရာ အဖွဲ့ တွေနဲ့ ညှိနှိုင်း ဆောင်ရွက် ပေးတယ်လို့ သိ ရတယ်။
ကွင်းဆင်း စစ်ဆေး ထားတဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်ရှိပြီး မကြာခင်မှာ နောက်ငါး မြို့နယ် (စဥ့်ကန်၊ မြစ်သား၊ အူမဲ၊ သတက်ဦး နဲ့ မြောင်းစသည့်) ထက်တိုး စစ်မှာပါ။ ရွာနဲ့ ရပ်ကွက်ပေါင်း ၇၃၀၀ ကျော် စစ်ဆေး ထားပြီး စမ်းသပ် ထားတဲ့ ရေ နမူနာပေါင်း (ဂါလန် မဟုတ်ပါ) ၂၃၆၄၂၃ ရှိပြီ ဖြစ်တယ်လို့ လုပ်ငန်းခွင့် ကျန်းမာရေး ဌာနမှ သိရကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြ ထားသည်။
၂၆ . ၃ . ၂၀၁၀
|

0 comments:
Post a Comment