Navigation - link to other main sections from here


ပုသိမ် - ချောင်းသာ ကားလမ်း ရှိ ကျောက်ချောင်းကြီး တံတား ပြိုကျမှု ဖြစ်ပွားခဲ့


ပုသိမ်မှ ချောင်းသာသို့ သွားသည့် လမ်းပေါ်ရှိ ကျောက်ချောင်း ကြီးတံတား မှာ မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ပြိုကျမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ တံတားမှာ ချောင်းသာ ဘက်မှ လာသော ဘတ်စ်ကား တစ်စီး ဖြတ်ပြီးနောက် ကုန်ကား တစ်စီး ထပ်မံ ဖြတ်သန်း ချိန်တွင် ပြိုကျမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ကုန်ကားမှာ ချောင်း ထဲသို့ ပြုတ်ကျ သွားခဲ့ကြောင်း မျက်မြင် တွေ့ကြုံ ခဲ့ရသူ တစ်ဦးက ဆိုပါသည်။

''ချောင်းသာကို အသွားပြန်လုပ်တဲ့ ကားတိုင်း ကျောက်ချောင်းကြီး တံတားကို ဖြတ်ရပါတယ်။ ကျွန်တော်တို့ ချောင်းသာက မတ်လ ၁၆ ရက် နေ့က ပြန်အလာ ကျောက်ချောင်းကြီး တံတား ဖြတ်မလို့ စောင့်နေ တုန်းမှာ ကျွန်တော်တို့ ကားရှေ့က ဖြတ်သွား တဲ့ကုန်ကားကြီးနဲ့အတူ တံတားကြီး တစ်ခြမ်း ပြိုကျ သွားပါတယ်။ တံတား က သစ်သား တံတား ဖြစ်ပြီး တံတား အဟောင်းပါ။ တံတား ပြိုကျ သွားတော့ ကုန်ကားကြီးက ချောင်းထဲကို ကျသွား ပါတယ်။ ပထမ တံတား တစ်ခြမ်း ပြိုကျပြီး နောက်ထပ် မိနစ် ၂၀ အ ကြာမှာ နောက်ထပ် တံတား တစ်ခြမ်း ကထပ်ပြီး ပြိုကျ သွားပါတယ်။ မြင်ရတဲ့ မြင်ကွင်း ကတော့ ထိတ်လန့် စရာ ပဲ။ တော်သေးတယ် လူတွေ ဘာမှ မ ဖြစ်ဘူး''ဟု မတ်လ ၁၅ ရက်နေ့တွင် ချောင်းသာမှ ပြန်လာသူ တစ်ဦးက သူ ၏ တွေ့ကြုံ ရမှုများကို ပြောပြခဲ့ သည်။

ကျောက်ချောင်းကြီး တံတားမှာ တံတား အရှည် ၃၃၀ ပေရှိပြီး တံတား ခံနိုင်ဝန်မှာ ယာဉ် နှင့် ကုန် အပါအ၀င် ၈ တန် ဖြစ်ကြောင်း သိရသည်။

၁၈ . ၃ . ၂၀၁၀ l EM

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats