နေပြည်တော် တွင် ပထမဆုံး ရေခဲပြင် စကိတ်ကွင်း တည် ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။ မြန်မာ့ ပထမဆုံး ရေခဲပြင် စကိတ်ကွင်း တည်ဆောက် မှုကို အမျိုးသား အထိမ်း အမှတ် ဥယျာဉ် (နေပြည်တော်) ရှိ ကချင် ပြည်နယ် ပြကွက်၊ ခါကာဘိုရာဇီ တောင်အတွင်း တည်ဆောက် မည်ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက် နေသည့် ထူး ဆောက်လုပ်ရေး ကုမ္ပဏီ မှ သိရပါသည်။ “မြန်မာ နိုင်ငံရဲ့ ပထမဦးဆုံး ရေခဲပြင် စကိတ် ကွင်းကို တည်ဆောက်မှု စတင် နေပါပြီ၊ ဂျပန်နိုင်ငံ က ပညာရှင် တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင် နေပါတယ်။အောက်ခံ ကွန်ကရစ် တည်ဆောက် မှုတွေ ပြီးစီး နေပါပြီ”ဟု ထူး ဆောက်လုပ်ရေး ကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာ ဦးအောင်ဇော်နိုင်က ပြော ကြားခဲ့သည်။ ကချင်ပြည်နယ် ပြကွက် အတွင်းရှိ အောက်ဒိုး စကိတ် ကွင်းကို မကြာ သေးမီက ဖွင့်လှစ်ခဲ့ပြီး စကိတ် စီးလိုသူ လူငယ် များကိုလည်း အခမဲ့ သင်ကြား ပေးရန် စီစဉ်နေသည်ဟု သိရ သည်။
“ကျွန်တော်တို့ ကချင်ပြည်နယ် ပြကွက်က အောက်ဒိုး စကိတ်ကွင်းမှာ နေပြည်တော် ခရိုင် က လူငယ် လေးတွေကို စကိတ် သင်တန်း ပေးသွားမယ်။ အခု လောလော ဆယ်တော့ သင်တန်း ကြေး မသတ်မှတ် ထားသေးဘူး။ သင်တန်း တစ်ခုကို ၁၀ ဦး သတ်မှတ် ထားတယ်။ ရန်ကုန်က သင်တန်း ဆရာတွေက သင်ကြား ပေးသွားမယ်”ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ သင်တန်းကို မကြာမီ ဖွင့်လှစ် သွားမည် ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နေ့များတွင် သင်ကြား ပေးမည် ဖြစ်ကာ တက်ရောက် လိုသူများ အနေဖြင့် အမျိုးသား အထိမ်း အမှတ် ဥယျာဉ်(နေပြည်တော်)၊ ကချင်ပြည် နယ်ပြကွက်၊ ရ၀မ် ရိုးရာ အိမ်(၁)အောက်ထပ်တွင် စုံစမ်း စာရင်း ပေးသွင်း နိုင်ကြောင်း ၂၀၁၀ခုနှစ် မတ်လ ၁၉ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
၁၈ . ၃ . ၂၀၁၀
၁၈ . ၃ . ၂၀၁၀
|

0 comments:
Post a Comment