
ကျိုက်ထီးရိုး တောင်တက် ကားများကို လိုက်ပါ စီးနင်း ကြသော ဘုရားဖူး ခရီးသည် များသည် ခေါင်းခန်းကို အလု အယက် နေရာ ဦး၍ စီးနင်း လိုက်ပါလေ့ ရှိကြရာ ခေါင်းခန်းမှာ (၅) ဦးထက် ပိုမို၍ တင်ဆောင်လေ့ မရှိ ခြင်းကြောင့် ခေါင်းခန်း မှ စီးနင်း လိုက်ပါ နိုင်ရန် နောက်ထပ် တစ်စီးကို စောင့်ဆိုင်း စီးနင်း ကြသူ များလည်း ရှိကြသည်။ အချို့ကမူ စင်းလုံး ငှား၍ တောင်ပေါ်သို့ တိုက်ရိုက် တက်ရောက် လေ့ ရှိကြောင်း လေ့လာ တွေ့ရှိ ရသည်။ တောင်ပေါ်သို့ စင်းလုံး ငှားရမ်း လိုသူများ အတွက်မူ အသွား တစ်ကြောင်း ကျပ် တစ်သိန်းခွဲ၊ အပြန် တစ်ကြောင်း ကျပ် တစ်သိန်းခွဲ နှုန်းနှင့် ပြေးဆွဲ ပေးနေကြောင်း သိရှိ ရသည်။ တောင်တက် ကားများသည် ဘုရားဖူး ရာသီ ကုန်ဆုံးလျှင် ရရှိသော ငွေကြေး များကို စုပုံရှင်း နည်းဖြင့် အညီ အမျှ ခွဲဝေလေ့ ရှိကြောင်းလည်း သိရှိရသည်။
၂၂ . ၃ . ၂၀၁၀ l Snapshot
Hits: |
|
Action: |
| |
0 comments:
Post a Comment