Navigation - link to other main sections from here


မင်းသမီး သီရိဒုံက မြန်မာ အလုပ်သမား ၉ ဦး အတွက် ဂရုဏာကြေး ငွေများပေး


ထိုင်း ဘုရင်မင်းမြတ် သမီးတော် မဟာချက် ကရီ သီရိဒုံက ပြီးခဲ့သည့် လက ထိုင်းနိုင်ငံ တာ့ခရိုင် အတွင်း အသတ် ခံခဲ့ ရသည့် မြန်မာ အလုပ်သမားများ အတွက် ဂရုဏာကြေး ငွေများ ပေးခဲ့ကြောင်း သိရှိ ရသည်။ ဂရုဏာကြေး ရရှိ သူများမှာ ပြီးခဲ့သည့် ဇန်န၀ါရီလ ကုန်ပိုင်းက ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မှ တဆင့် တောလမ်း ခရီးဖြင့် ဘန်ကောက် သွားစဉ် အသတ် ခံခဲ့ ရသည့် ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့ မြို့နယ် ၊ ကျိုက်ပေါင် ကျေးရွာသားများ ၉ ဦးတို့ ဖြစ်ကြသည်။ အသတ် ခံရ သူများ အနက် တစ်ဦး အပါအ၀င် ဖြစ်သည့် ကိုစောဒီဒုံ၏ ဇနီး မယုယုလှိုင်က “ဟုတ်ကဲ့ ပြီးခဲ့တဲ့ စနေနေ့က ကျမတို့ရွာကို လာပြီးတော့ ပေးသွား တာပါ။ ထိုင်းဘုရင် သမီးတော်က ပေးတယ်လို့ ပြောပါတယ်။ နေပြည်တော်က ရဲတွေ၊ လှိုင်းဘွဲ့ ကရဲတွေ အပြင် မြ၀တီက ရဲတွေလည်း ပါပါတယ်။

အားလုံးကို ကျေးဇူး တင်ပါတယ်။ သေဆုံး သူတွေ အတွက် အလှူ အတန်း လုပ်မယ်။ ကျန်ရစ်တဲ့ ကလေး တွေကို ပညာ တတ်အောင် သင်ပေး မှာပေါ့။ ကျမ ယောက်ျားလို အဖြစ်မျိုး မြန်မာ အလုပ် သမားတွေ မကြုံ ရပါစေနဲ့ လို့ ဆုတောင်း ပါတယ်”ဟုပြောသည်။ ဂရုဏာကြေး ငွေများကို မင်းသမီး သီရိဒုံက ထိုင်း အစိုးရမှ တဆင့် မြန်မာ အစိုး ရထံသို့ ပေးအပ် ခဲ့သည်။ မြန်မာ အာဏာပိုင်များက ယခုလ (၂၁) ရက်၊ စနေနေ့ တွင် သေဆုံး သူများ၏ ကျေးရွာသို့ သွားရောက်ပြီး ထိုသို့ ပစ်သတ် ခံရသူများ အတွက် သေဆုံးသူ တစ်ဦးကို ထိုင်းဘတ်ငွေ ငါးသောင်းစီ ကျန်ရစ် သူများထံ ပေးအပ် ခဲ့သည်။

မြန်မာ အလုပ်သမား ၉ ဦး သေဆုံး မှုနှင့် ပတ်သက်၍ အစ အဆုံး ကူညီ ဆောင်ရွက် ပေးနေသည့် မဲဆောက် အခြေစိုက် ထိုင်းလူ့ အခွင့် အရေး မြှင့်တင်ရေး ကော်မတီ ဥပဒေ အထောက် အကူပြု ဌာနမှ မြန်မာ ၀န်ထမ်း ကိုစောကိုထွေး က“ ထိုင်း အလုပ်သမားဝန်ကြီး ဌာနက သေဆုံး သူတွေရဲ့ စာရွက် စာတမ်းတွေ၊ ဓါတ်ပုံ တွေကို ကျနော်တို့ ရုံးမှာ လာပြီးတော့ ယူပါတယ်၊ ဘာပ ပြောပြော မြန်မာတွေ အလကား မသေ ရတော့ဘူး ပေါ့ဗျာ။ ကျနော်တို့ တရားစွဲ ထားတာနဲ့ တော့ မဆိုင်ဘူး၊ မြန်မာ အစိုးရတော့ တပြား မကျန် ကျန်ရစ်သူ မိသားစုတွေကို သွားပေးတယ် ဆိုတော့ နာမည်ကောင်း ရတာ ပေါ့ဗျာ။ မြန်မာ အစိုးရက ငွေအားလုံးကို ပေးတယ် ဆိုတာ တော်တော် ကြားရ ခဲတဲ့ ကိစ္စလေ”ဟုပြောသည်။ အဆိုပါ မြန်မာ အလုပ် သမား (၉) ဦးကို လမ်းခရီး တောထဲတွင် ထိုင်း ရဲအရာခံဗိုလ် တစ်ဦး နှင့် ထိုင်း နိုင်ငံသား (၄) ဦးတို့က ငွေတောင်း ခံရာတွင် မရရှိ သောကြောင့် ပစ်သတ် ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း အာဏာပိုင် များက သုံးသပ် ထားသည်။ အဆိုပါ မြန်မာ (၉) ဦးကို သတ်သည့် ဦးဆောင်သူဟု ထိုင်း ရဲတပ်ဖွဲ့က ပြောသည့် ထိုင်း ရဲအရာခံဗိုလ် နိုင်စုံချိုင်းပင်က ယောက်မှာ မိမိ ကိုယ်ကိုယ် အဆုံး စီရင် သွားပြီး ကျန်လူ (၄) ဦးမှာ ထွက်ပြေး လွတ်မြောက် နေဆဲ ဖြစ်သည်ဟု ထိုင်းရဲက ပြောသည်။

၂၆ . ၃ . ၂၀၁၀ l ကိုကျော်သောင်း(ဘန်ကောက်)

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats