Navigation - link to other main sections from here


ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး အတွက် မှတ်ပုံ တင်ကြေး ကျပ် ငါးသိန်း သတ်မှတ်


၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်သူ့ လွှတ်တော် သို့ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း တစ်ဦး အတွက် မှတ်ပုံ တင်ကြေး ကို ကျပ်ငါးသိန်း သတ်မှတ် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတ်လ (၁၇) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ အမိန့် ကြော်ငြာစာ အမှတ် (၁/၂ဝ၁ဝ) ဖြင့် ထုတ်ပြန် ထားသော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ တွင် မှတ်ပုံတင်ကြေး အဖြစ် ပေးသွင်း ထားသော ငွေကို လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းလွှာ အပယ် ခံရခြင်းနှင့် ရွေးကောက်ပွဲ စတင် မကျင်းပမီ ကွယ်လွန် ခြင်းမှ အပ ပြန်လည် ထုတ်ယူ နိုင်မည် မဟုတ်ဟု ဖော်ပြ ထားသည်။ တည်ဆဲ အစိုးရ လက်ထက်တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပ ခဲ့သော ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အား မှတ်ပုံ တင်ကြေး အဖြစ် ကျပ်နှစ်သောင်း သတ်မှတ် ခဲ့သည်။

''ခေတ်ကာလ အခြေအနေနဲ့ ငွေကြေး ဖောင်းပွမှု နှုန်းနဲ့ တွက်ရင် မှတ်ပုံတင်ကြေး ငါးသိန်း ဆိုတာ မများပါဘူး။ မဲဆန္ဒနယ် အားလုံး ဝင်ပြိုင်မယ့် ပါတီက မှတ်ပုံ တင်ကြေး သိန်း တစ်ထောင့် ခြောက်ရာ ငါးဆယ် သုံးရမယ်'' ဟု ၂ဝ၁ဝ ရွေးကောက်ပွဲအား ပါဝင် ယှဉ်ပြိုင်မည့် နိုင်ငံရေး လေ့လာသူ တစ်ဦးက ပြောကြားသည်။


ရက်ပေါင်း ၆ဝ အတွင်း ကော်မရှင်တွင် ပြန်လည် မှတ်ပုံတင် ရမည့် တည်ဆဲ ပါတီ ၁ဝ ခုစာရင်း

၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (National League for Democracy-NLD)
၂။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (National Unity Party- NUP)
၃။ ရှမ်း တိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် (Shan National League for Democracy- SNLD)
၎။ ပြည်ထောင်စု ပအိုဝ့် အမျိုးသားများ အဖွဲ့ချုပ် (Union Paoh National Organization -UPNO)
၅။ ရှမ်းပြည် - ကိုးကန့် ဒီမို ကရက်တစ် ပါတီ (Shan State Kokang Democratic Party-SSKDP)
၆။ မြို(ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့ (မ၊ ခ၊ မ၊ ည၊ ဖ) (Mro or Khami National Solidarity Organization -MKNSO)
၇။ လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (Lahu National Development Party- LNDP)
၈။ ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ် (Union Karen League)
၉။ ကိုးကန့် ဒီမိုကရေစီ နှင့် ညီညွတ်ရေး ပါတီ (Kokang Democracy and Unity Party)
၁ဝ။ 'ဝ' အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ (Wa National Development Party)



၂၁ . ၃ . ၂၀၁၀ l TV

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats