
ထိုလှုပ်ရှားမှုတွင် ပါဝင်သော အထက် ဗမာပြည် ကျောင်းသား သမဂ္ဂမှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းသန်း မှ ၄င်းတို့ လှုပ်ရှားမှု နှင့် ပတ်သက်ပြီး ယခုလို ပြောပြ ပါတယ် ။ ယခုအချိန်ဟာ ကျွန်တော်တို့ အတွက် အရေးကြီးဆုံး အချိန် ဖြစ်နေပါပြီ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း လိုက်ပြီး ၄င်းတို့ စိတ်ကြိုက် ရေးစွဲ ထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အတည်ပြုလို့ ၂၀၁၀ ရွေးကောက် ပွဲကို ကျင်းပဖို့ ပြုလုပ် နေပါပြီ ။ ဒါကို ကျွန်တော်တို့ မြေပေါ် မြေအောက် နိုင်ငံရေး အင်အားစုတွေ အနေနဲ့ စစ်အစိုးရက ပြုလုပ်မဲ့ ၂၀၁၀ ရွေးကောက် ပွဲကို ပြက်ပြက် သားသား ကန့်ကွက်ဖို့ ရှုတ်ချဖို့ အကောင်းဆုံး အချိန်ပါ ။ ဒီလိုသာ ကျွန်တော် တို့တွေ မလုပ်ရင် နိုင်ငံတကာ ကကော ၊ မြန်မာပြည်က ပြည်သူတွေ ကကော စစ်အစိုးရရဲ့ ချယ်လှယ် မှုတွေကို ခံရတော့ မှာပါ အဲဒါကြောင့် ကျွန်တော်တို့ တွေက အခု စစ်အစိုးရ မကြာခင် ပြုလုပ် တော့မဲ့ ၂၀၁၀ ရွေးကောက် ပွဲအား ကျွန်တော် တို့တွေ အတူ တကွ ကန့်ကွက် ဆန့်ကျင်မဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုကြီး မှာ ပြည်သူများ ပါဝင်ရန် တိုက်တွန်း နှိုးဆော်ချင်း ဖြစ်ပါတယ်။
ထိုဖြန့်ဝေတဲ့ စာကို လက်ခံ ရရှိခဲ့တဲ့ တောင်ကြီး မြို့ခံ တစ်ဦးက ၄င်းလက်ခံ ရရှိခဲ့ ပုံကို ယခုလို ပြောပြ ပါတယ် ။ အန်တီတို့ မနက် မြစိမ်းတောင် ဘုရား သွားတော့ တောင်တက် လမ်းမှာ တက္ကသိုလ် ကျောင်းသား လေးတွေ က အန်တီတို့ကို တားပြီး စာရွက်တွေ ဝေတယ် အန်တီတို့လဲ ဘာလဲလို့ သိချင်တာနဲ့ ကြည့်လိုက်တော့ အခု စစ်အစိုးရ လုမ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အလုပ်သမား၊ ကျောင်းသား၊ တောင်သူ လယ်သမား၊ ရဟန်း သံဃာတော်များ တွေနဲ့ ပေါင်းပြီး လက်တွဲ ဆန့်ကျင်ဖို့ ရေးထားတာ တွေ့ရတယ် ။ အန်တီတို့ အနေနဲ့ ကတော့ မြို့ထဲကို ဒီစာရွက်တွေု ယူသွားရမှာ ကြောက်တဲ့ အတွက် ဘုရားပေါ်မှာ ထားခဲ့ တယ် ။ စာထဲမှာ ပါသလို အားလုံး လက်တွဲပြီး ဆန်ကျင်မယ်ဆိုရင် အန်တီတို့ အနေနဲ့ ပါဝင်ဖို့ အဆင်သင့်ပါဘဲ လို့ ပြောကြားသွား ပါတယ်။
ထို့အပြင် ထိုစာကို လက်ခံ ရရှိတဲ့ ပြည်တွင်း သတင်းထောက် တစ်ဦး ကတော့ ၄င်းစာ ထဲမှာ ပါတဲ့ အကြောင်း အရာတွေ အားလုံးဟာ အမှန်တွေ ပါဘဲ ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကိစ္စကို ဒီ နှိုးဆော်စာ ကနေ ပြည်သူတွေ သိအောင် မီးမောင်း ထိုးပြ နေတာပါ ၊ ကျွန်တော်တို့လဲ ၄င်းစာထဲကလို ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ထောက်ခံ ပါဝင် ပါ့မယ် လို့ ပြောပြပါတယ်။
၎င်း နှိုးဆော် စာများကို ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ မှာ ပါဝင်သည့် အဖွဲ့ဝင်များမှ လူစည်ကားရာ နေရာများ ဖြစ်သော တက္ကသိုလ် ကျောင်းများ ၊ ကားမှတ် တိုင်များ ၊ ဘုရားများ ၊ ဈေးများ တွင် ကွက်ကျား ဖြန့်ဝေခြင်း ၊ မိမိတို့ သမဂ္ဂ အဖွဲ့ဝင်များ နှင့် နီစပ်ရာ အသိုင်း အ၀ိုင်းများ အလိုက် လက်သိပ်ထိုး ဖြန့်ဝေခြင်း နှင့် စာတိုက်မှ တဆင့် ဖြန်ဝေခြင်း စသည့် ပုံစံ (၃) မျိုးနှင့် ဖြန့်ဝေခဲ့ကြောင်း သိရှိ ရပါသည်။
ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ သည် ပြည်တွင်း မြေအောက် အဖွဲ့ အစည်း (၁၅) ခု နှင့် ပြည်တွင်း တွင် ၂၀၀၇ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ဖွဲ့စည်း ထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ အကြောင်း သသေးစိတ် သိရှိ လိုပါက ၄င်းအဖွဲ့၏ ၀ပ်ဆိုဒ် http://www.ncum.info/ တွင် သွားရောက် လေ့လာ ကြည့်ရှု နိုင်ပါသည်။
၁၈ . ၃ . ၂၀၁၀ l EM
|

0 comments:
Post a Comment