၂၀၁၀ ပြည့်နှစ် အတွင်း ကျင်းပမည့် ရွေးကောက် ပွဲဆိုင်ရာ ဥပဒေများ ဖြစ်သော ဥပဒေ အမှတ် (၁/၂၀၁၀) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို လည်းကောင်း၊ ဥပဒေအမှတ် (၂/၂၀၁၀) ဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် (၃/၂၀၁၀) ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် (၄/၂၀၁၀) ဖြင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် (၅/ ၂၀၁၀) ဖြင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း စစ်အစိုးရမှ ၁၃၇၁ ခုနှစ် တပေါင်း လပြည့်ကျော်(၉)ရက်၊ ၂၀၁၀ပြည့်နှစ် မတ်(၈)ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီဖြစ် ကြောင်း သိရသည်။

၉ . ၃ . ၂၀၁၀ l HTWD
Hits: |
|
Action: |
| |
0 comments:
Post a Comment