
''ရွေးကောက်ပွဲ ဥပဒေတွေ ထွက်ပေါ် လာပြီ ဖြစ်တဲ့ အတွက် ဥပဒေ ဘောင်အတွင်း ကနေ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် သွားမယ်'' ဟု ဦးရွှေအုန်းက ပြောကြားသည်။ ''ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာပြီ ဆိုတော့ နိုင်ငံရေး ပါတီတွေ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တွေနဲ့ လွတ်လပ်စွာ ရေးသား ခွင့်ဆိုတဲ့ အခြေခံ အချက် တွေရဖို့ အရေးကြီး ပါတယ်'' ဟု ဦးရွှေအုန်းက ဆက်လက် ပြောသည်။ မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စု တစ်ဝန်း လုံးတွင် စည်းရုံးမည့် ပါတီ ဖြစ်ပါက နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၁ဝဝဝ ကို စည်းရုံးမည် ဖြစ်ကြောင်း ဝန်ခံချက် (သို့မဟုတ်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီ ဖြစ်ပါက နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် နေ့ရက်မှ စ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၅ဝဝ ကို စည်းရုံးမည် ဖြစ်ကြောင်း ဝန်ခံချက် ပေးရမည် ဖြစ်ကြောင်း တရားဝင် ဖော်ပြထားသည်။
''နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေက Reasonable ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီက ပြည်ထောင်စု တစ်ဝန်းလုံး ကိုယ်စားပြု ပါတီ အဖြစ် တရားဝင် ဖွဲ့စည်း တည်ထောင် သွားမယ်'' ဟု ဦးရွှေအုန်းက ပြောကြားသည်။
၂၁ . ၃ . ၂၀၁၀ l TV
|

0 comments:
Post a Comment