
ထိုလုပ်ရှားမှု နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အလုပ်သမားများ အစည်းအရုံး ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးမိုးကျော်က ကျွန်တော်တို့ ယနေ့ပြုလုပ်တဲ့ လှုပ်ရှာမှုကတော့ လှိုင်သာယာ စက်မှုဇုံနဲ့ သမိုင်း အထည်ချုပ် စက်ရုံ တွေမှာ ကျွန်တော်တို့ရဲ့ ညီအကို မောင်နှမတွေ မိမိတို့ အလုပ်သမား ရပိုင်ခွင့် အခွင့်အရေးတွေကို အပြည့်အ၀ ရရှိရန် အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်သည့် အလုပ်သမား လှုပ်ရှား မှုကြီးကို တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အလုပ်သမား ထုကြီးမှ ပူးပေါင် ပါဝင် လာရန် ဖိတ်ခေါ်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ကျွန်တော်တို့ ယနေ့ ပြုလုပ်တဲ့ လှုပ်ရှားမှုကို ပုံစံ နှစ်မျိုးနဲ့ ပြုလုပ်နေပါတယ် စာတိုက်ကနေ အလုပ်သမားတွေကို လှုံဆော်စာ ပေးပို့တာရယ် ၊ မိမိတို့ရဲ့ နီးစပ်ရာ အလုပ်သမား ထုကြီးကို လက်ဆင့်ကမ်း လှုံဆော်စာ ဖြန်ဝေတဲ့ လှုပ်ရှားမှုရယ် ဖြစ်ပါတယ် ။ ကျွန်တော်တို့ မြန်မာ တစ်ပြည်လုံး အတိုင်း အတာနဲ့ ပြုလုပ်ခြင်း ဖြစ်ပါတယ် ။
ကျွန်တော်တို့ လှုပ်ရှားမှုကို အခုငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် အလုပ်သမား လှုပ်ရှားကြီး အောင်မြင်တဲ့ အထိ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ သမိုင်း တလျှောက်မှာ ကာယ၊ ဥာဏ အလုပ် သမားကြီး များရဲ့ အခန်း ကဏ္ဍဟာ အင်မတန်ပဲ ကြီးကျယ် လှပါတယ်၊ ကိုလိုနီ နယ်ချဲ့ကို ရင်ဆိုင် အန်တု ခဲ့ကြတဲ့ ရေနံမြေ သပိတ် ခေါင်းဆောင် သခင် ဖိုးလှကြီးနဲ့ ရေနံမြေ လုပ်သားတွေဟာ မြန်မာ့ လွတ်လပ်ရေးရဲ့ မီးရှူး တန်ဆောင်တွေ ဖြစ်ခဲ့ ကြပါတယ် (၁၉၇၄) ခုနှစ်မှာ မီးရထား အလုပ် သမားတွေ စတင်ခဲ့တဲ့ သပိတ် တိုက်ပွဲဟာ မြန်မာနိုင်ငံ တ၀ှမ်းလုံးက အလုပ်သမား တွေဆီကို ကူးစက် ပျံ့နှံ့ သွားခဲ့ပြီး စစ်အာဏာရှင်တွေ တုန်လှုပ် ချောက်ချား စေတဲ့ ဇွန် (၆) ရက် အရေးတော်ပုံကြီး ကို ဖြစ်ပွား စေခဲ့ ပါတယ် ဒါတွေဟာ ဘယ်သူ တွေမှ မေ့လို့မရတဲ့ အလုပ်သမားတွေရဲ့ တော်လှန်ရေးသမိုင်း ဖြစ်ပါတယ်။ ကျွန်တော် နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံ ချင်တာကတော့ ပြည်တွင်း / ပြည်ပမှာ ရှိတဲ့ အမှန်တရားကို မြတ်နိုးတဲ့ မိဘ ပြည်သူတွေ ၊ တော်လှန်ရေး ညီအကို မောင်နှမတွေ အနေနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ် နေတဲ့ အလုပ်သမား လှုပ်ရှား မှုကြီးကို ၀န်ရံ ပေးပါလို့ ပြောချင်ပါတယ်။
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်များ တွင် လည်ပတ် နေသော စက်ရုံပေါင်း ၄၃၀၀ ကျော် ရှိပြီး အလုပ်သမားပေါင်း ၁ သိန်း ၅ သောင်းကျော် ရှိသည့်အတွက် ထို ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်သည့် အလုပ်သမား လှုပ်ရှားမှု ကြီးတွင် အလုပ်သမားများ ပူပေါင်း ပါဝင်လာပါက အားကောင်းသော လှုပ်ရှားမှုကြီး တစ်ခု ဖြစ်ပေါ် လာမည် ဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမားကြီး အချို့မှ သုံးသပ် နေကြပါသည်။
၁၉ . ၂ . ၂၀၁၀ l HTWD
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်များ တွင် လည်ပတ် နေသော စက်ရုံပေါင်း ၄၃၀၀ ကျော် ရှိပြီး အလုပ်သမားပေါင်း ၁ သိန်း ၅ သောင်းကျော် ရှိသည့်အတွက် ထို ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်သည့် အလုပ်သမား လှုပ်ရှားမှု ကြီးတွင် အလုပ်သမားများ ပူပေါင်း ပါဝင်လာပါက အားကောင်းသော လှုပ်ရှားမှုကြီး တစ်ခု ဖြစ်ပေါ် လာမည် ဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမားကြီး အချို့မှ သုံးသပ် နေကြပါသည်။
၁၉ . ၂ . ၂၀၁၀ l HTWD
|

0 comments:
Post a Comment