သဘာပတိ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အေးကျော်မှ အခမ်းအနား အဖွင့် မိန့်ခွန်း ပြောကြားရာတွင်“ (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ ဧည့်သည်တော်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်) ကိုယ်စား ကျေးဇူး တင်ရှိပါကြောင်း၊ ထို့နောက် ဆက်လက်၍ ၁၉၄၇ ခုနှစ်တွင် ပင်လုံမြို့၌ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး၊ တိုင်းရင်းသား ခေါင်းဆောင်များ ပူးပေါင်း ကြိုးပမ်း၍ ပင်လုံ စာချုပ် ကို လက်မှတ် ရေးထိုး နိုင်သော နေ့ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ လွတ်လပ်ရေး တိုက်ပွဲ ဝင်နေတုန်း ၌ပင် တိုင်းရင်းသား အားလုံး၏ စည်းလုံး ညီညွှတ်မှု ရရှိဖို့အတွက် ပင်လုံမြို့မှာ ကြိုးပမ်းပြီး၊ပင်လုံ စာချုပ်ကို ရေးထိုးခဲ့တာ ဒီကနေ့ဆိုရင် (၆၃) နှစ်မြောက်ပြီ ဖြစ်ကြောင်း၊ ထို့နောက် ပင်လုံစာချုပ်ပါ အချက် အလက် များနှင့် ဖက်ဒရယ် ရေးရာ များကိုပါ ရှင်းလင်း ပြောဆိုသွားပါတယ်။
ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဗဟိုကော်မီတီဝင် ဦးမိုးမြတ်သူမှ (NLD - LA) ၏ (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်ကို ဖတ်ကြား သွားခဲ့ပါတယ်။ ထို့နောက် သဘာပတိ အဖွဲ့ဝင်များမှ ဦးခွန်မားကိုဘမ်း နှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ တို့မှ ပြည်ထောင်စုနေ့ ဖြစ်ပေါ် လာပုံနှင့် ဖဒရယ် ရေးရာ မူဝါဒများကို အသီးသီး ရှင်းလင်း ပြောဆို သွားကြပါသည်။
အခမ်းအနားအား နေ့လည် (၁၂းဝဝ)နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအေးကျော်မှ အခမ်းအနား အပိတ် မိန့်ခွန်း ပြောကြားပြီး အခမ်း အနား ကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိပါသည်။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကျင်းပ ပြုလုပ်သော (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား သို့ ဧည့်သည်တော် (၄ဝ) နီးပါတက်ရောက်ကြောင်းလည်း သိရှိရပါတယ်။
၁၂ . ၂ . ၂၀၁၀ l အွန်လိုင်း
|

0 comments:
Post a Comment