Navigation - link to other main sections from here


ချင်းအမျိုးသားနေ့ ကိုရီးယားတွင် ကျင်းပ


၆၂ နှစ်မြောက် ချင်းအမျိုးသား နေ့ကို ယမန်နေ့က ကိုးရီးယား နိုင်ငံပူ ချွန်းမြို့ရှိ ဘုဂ်ဒွဲ(န်)ဘုရား ရှိခိုး ကျောင်းတွင် ချင်းလူမှုရေး အသင်းက ဦးစီး ကျင်းပ ခဲ့သည်။ ၆၂ နှစ်မြောက် ချင်း အမျိုးသားနေ့ အခမ်း အနား ကို ညနေ ၃ နာရီ ခွဲ အချိန်က စတင် ကျင်းပ ကြသည်။ အခမ်းအ နားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယား ဌာနခွဲ၊ ကရင် လူငယ် အစည်း အရုံး (ကိုရီးယားဌာနခွဲ) ၊ ညီညွှတ်သော မြန်မာ တိုင်းရင်းသားများ အစည်း အရုံး (ကိုရီးယား)တို့ တက်ရောက်ပြီး ဂုဏ်ပြု စကားများ ပြောကြား ကြပါသည်။

ချင်း အမျိုးသားနေ့ အခမ်း အနားကို ဦးစီး ကျင်းပသည့် ချင်း လူမှုရေးအ သင်း ဥက္ကဌ ဦးသန်းဟန်က ချင်း အမျိုးသားနေ့ ဖြစ်ပေါ် လာပုံ အကြောင်းကို အကျယ် တ၀င့် ရှင်းပြပြီး ချင်းတိုင်းရင်းသား များ၏ အခွင့် အရေးတို့သည် စစ်အစိုးရ လက်အောက်မှာ ရရှိနိုင်မှာ မဟုတ်ကြောင်း ပြောကြားပါသည်။

ဦးဇော်မိုးအောင် (တွဲဘက် အတွင်းရေးမှူး (၂) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယား ဌာနခွဲ) က တစ်ဦးကောင်း တဖွဲ့ကောင်း ပြုလုပ် နေလို့ ဘာမှ ဖြစ်လာ နိုင်မှာ မဟုတ် သလို စစ်မှန်တဲ့ ပြည်ထောာင်စု စနစ် ပေါ်ပေါက် ရေးသည် မြန်မာ နိုင်ငံဘွား တိုင်းရင်းသားများ စုပေါင်း လုပ်ဆောင် မှသာ ရရှိ နိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

စောကျော်သက်ထွန်း (ပြန်ကြားရေးမှူး ၊ ကရင် လူငယ် အစည်းအရုံး -ကိုရီးယားဌာနခွဲ) က အခက် အခဲ ကြားထဲက ချင်းအမျိုးသားနေ့ကို မမေ့ မလျော့ဘဲ ကျင်းပတဲ့ အတွက် လေးစား ဂုဏ်ယူမိကြောင်း ပြောကြား ပါသည်။

စကက်နက်မိုး (ဒု ဥက္ကဌ၊ ညီညွှတ်သော မြန်မာ တိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)က တရေတည်းသောက် တမြေတည်းနေ တို့ ညီအကိုတွေ လက်တွဲ ညီစွာ လုပ်ငန်းဟူသမျှ အေးအတူ ပူအမျှ လှုပ်ရှားဆောင်ရွက် သွားကြရန် စသည်တို့ကို ပြောကြားပြီး ဆုတောင်း တေးဂီတများ၊ တေးသီချင်း အက များဖြင့် တင်ဆက် ကြသည်။

ချင်းလူမှုရေးအသင်း (ကိုရီးယား)၏ အလုပ်အမှုဆောင် အသစ်ကို မဲစနစ်ဖြင့် ရွေးချယ် တင်မြောက်ကြပြီး အခမ်း အနားကို ညနေ ၅ နာရီ ခွဲ အချိန်မှာ အောင်မြင်စွာ ရုပ်သိမ်း၍ ချင်းရိုးရာ အစားအစာများဖြင့် တည်ခင်း ဧည့်ခံ ကြပါသည်။ အခမ်းအနားမှူး အဖြစ် ဆရာ ပေါင်ပီးက ဆောင်ရွက် ခဲ့သည်။ နံနက်ပိုင်းကလည်း နအဖ လက်အောက်ခံ သံရုံး ရှေ့၌ ချင်းအခွင့် အရေးများ ရရှိရေး အတွက် ဆန္ဒပြ တောင်းဆို ကြကြောင်း သိရှိ ရပါသည်။

၂၂ . ၂ . ၂၀၁၀ l EM

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats