မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ ရှိ အမေရိကန် သံရုံးရှေ့တွင် မြန်မာ စစ်အစိုးရအား အရေးယူ ဆောင်ရွက် ပေးရန် မြန်မာ ၂ ဦး ယနေ့  နံနက်ပိုင်းက သွားရောက် ဆန္ဒပြ ကြသည်။ ကွာလာလမ်ပူ အခြေစိုက် လူအင်အား တစ်သောင်းကျော်ဖြင့် ဖွဲ့ စည်းထားသော အထွေထွေ သပိတ် ကော်မတီမှ နိုင်လင်း (ခေါ်) ကိုဂျပန်ကြီး နှင့် ကိုတင်အေး တို့ ၂ ဦး ယနေ့နံနက် ၁၀ နာရီခန့် တွင် ၂၀၁၀ ရွေးကောက်ပွဲ မတရားကြောင်း၊ မြန်မာစစ် အစိုးရအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တရားစွဲဆို အရေး ယူနိုင်ရေး အတွက် ဓါတ်ပုံ နှင့် လက်မှတ်ပေါင်း တစ်သောင်း လေးထောင် တို့ရေးထိုးပြီး အမေရိကန်အစိုးရက ထိရောက်စွာ အကူ အညီပေးရန် တောင်းဆို ထားသည်။
အထွေထွေ သပိတ် ကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ ကိုဂျပန်ကြီးက “ အမေရိကန် သံမှူး ကိုယ်တိုင် ထွက်လာ ပြီးတော ကျနော်တို့ တောင်းဆိုချက် ရေးသား ထားတဲ့ စာရွက်များကို လက်ခံ ရယူသွားပါတယ်။ အမေရိကန် သမ္မတကြီး ဆီကို ရောက်အောင် ပို့ ပေးမယ်လို့ ပြောပါတယ်” ဟုပြောသည်။
အမေရိကန် သံရုံးရှေ့ သို့ မလေးရှား ရဲများ ရောက်ရှိ လာပြီးနောက် အကြမ်းဖက်မှု မဖြစ်စေရန်နှင့် မြန်မာပြည်သား များ၏ ခံစား နေရမှု များကို စာနာ နားလည်ကြောင်း ရဲများက ပြောသည်။
အမေရိကန် သံရုံးသို့ လက်မှတ်ထိုး တောင်းဆိုချက် စာရွက်များကို ပေးအပ်ခဲ့ သော ယနေ့ လှုပ်ရှားမှုကို နာရီဝက်ကျော်ခန့် အကြာတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
၂ . ၃ . ၂၀၁၀ l ကိုကျော်သောင်း

|

0 comments:
Post a Comment