.jpg)
စစ်အေးခေတ် ဗုံးခိုကျင်း တစ်ခုကို အွန်လိုင်း လေလံ ၀က်ဘ်ဆိုက် eBayမှ တစ်ဆင့် လေလံတင် ထားရာ မတ်လ ၁ ရက်နေ့တွင် လေလံကြေးမှာ ပေါင် ၁၉၁၀၀ အထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။ ၀က်ဘ်ဆိုက်တွင် စစ်အေးခေတ် သမိုင်း၏ အစိတ်အပိုင်း တစ်ခုကို ပိုင်ဆိုင်ခွင့် ရမည့် ရှားပါး အခွင့် အရေးဟု ကြေညာ ထားသည်။ ဖေဖော်ဝါရီလ ၂၅ ရက် လေလံတင်ချိန်တွင် ဒေါ်လာ ၅၀၀ ဖြင့် စခဲ့ သော်လည်း တဖြည်းဖြည်း ဈေးတက် လာခဲ့ကာ ၃၅ ကြိမ်မြောက် လေလံဆွဲသူ အလှည့်တွင် ပေါင် ၁၉၁၀၀ အထိ တက်လာခဲ့ခြင်း ဖြစ်ပြီး မတ်လ ၇ ရက်နေ့တွင်မှ လေလံ ပိတ်သွားမည် ဖြစ်သည်။ လယ်ကွင်း အတွင်း ရှိပြီး အလျား အနံ ပေ ၅၀ စီနှင့် မြေအောက် ၁၅ ပေ အနက်တွင် တည်ရှိသော ယင်းဗုံးခို ကျင်းကို ဗြိတိန်တွင် ၁၉၅၉ ခုနှစ်က စတင် သုံးစွဲခဲ့ခြင်း ဖြစ်ကာ ၁၉၉၁ ခုနှစ်အထိ အသုံးပြုရန် အသင့် အနေအထား ဖြင့် ထားရှိ ခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ သွားမှသာ အသုံး မပြုတော့ ခြင်းဖြစ်သည်။
၆ . ၃ . ၂၀၁၀ l Eleven Media
Hits: |
|
Action: |
| |
0 comments:
Post a Comment