ဖက်ရှင် မော်ဒယ် တွေရဲ့ ကိုယ် အလေးချိန် နဲ့ ပတ်သက်ပြီး နယူးယော့ခ် မှာ အယူ အဆ ကွဲလွဲ တာတွေ ဖြစ်ပြီးတဲ့ နောက် မကြာခင် မှာပဲ ဆိုက် ခပ်ကြီးကြီးေ မ်ာဒယ် တွေကို လန်ဒန် ဖက်ရှင် လျှေက်လမ်းက ခေါ်ယူ သွားပါပြီ။အလှ ဖန်တီးရှင် တစ်ယောက်က လန်ဒန်က ဖက်ရှင် ရက်သတ္တပတ် မှာ ပုံမှန် မော်ဒယ် ဆိုက်ထက်ကြီး နေတဲ့ မော်ဒယ်တွေကို ထည့်သုံး ထားလို့ သူက မကျေမနပ် ပြောတာ ကနေ စတာပါ။ ဒီဆိုက်ကြီး မော်ဒယ် တွေရဲ့ ပွဲမှာ မနှစ်ကလိုတော့ သိပ် အဖော်အ လှစ်တွေ မတွေ့ရ ပေမယ့် မိန်းမ တစ်ယောက်ရဲ့ သဘာဝ ကိုယ်ခန္ဓာ ကောက်ကြောင်း ကိုတော့ ထင်းခနဲ မြင်နေ ရပါတယ်။အရပ် ၅ ပေ ၈ လက်မ ရှိပြီး ပေါင် ၁၁၀ ရှိတဲ့ ၂၁ နှစ်အရွယ် ကနေဒါ မော်ဒယ် Coco Rocha က သူ ဆိုက်ကြီး နေလို့ လျစ်လျူရှု ခံနေ ရတာနဲ့ ပတ်သက်ပြီး မကျေမနပ် ပြောခဲ့ပါတယ်။
မော်ဒယ်အနေနဲ့ စံထားတဲ့ ဆိုက်က ကျူပင်လိုမျိုး အရိုးငေါငေါနဲ့ ပါ။
ဗြိတိန်ရဲ့ အ၀တ်အထည် စတိုးဆိုင် တစ်ဆိုင်က သူ့ရဲ့ကိုယ်ဟန်ပြ အရုပ်တွေကို ဆိုက် ၁၄ ၊ ဒါမှမဟုတ် ၁၆ အထိ ထားပေးတာကို မြို့ကလူတွေက သောင်းသောင်း ဖျဖျ ကြိုဆို ခဲ့ပါတယ်။
"အသက်အရွယ်၊ ပုံစံ၊ဆိုက်မျိုးစုံရှိတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ အမျိုးမျိုးသော အ၀တ်အထည်တွေကို ထားပေးနိုင်တာကိုပဲ ဂုဏ်ယူပါတယ်" လို့ အဲဒီဆိုင်ရဲ့ အကြီးအကဲ မက်စတီဗင်က ပြောပါတယ်။
(အေအက်ဖ်ပီ)
အေးအေးမျိုး ဘာသာပြန်သည်။
၆ . ၃ . ၂၀၁၀ l MM
|

0 comments:
Post a Comment