တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျင်ဟု တွင် ရှားပါး ရောဂါ တစ်မျိုး ဖြစ်သော Lamellar ichthyosis ဖြင့် ကလေး တစ်ဦး မွေးဖွား လာပြီး နောက်မကြာမီ ၄င်း၏ အရေပြား ပေါ်တွင် ငါးကြေးခွံ များ ထွက်ပေါ် လာခဲ့ကြောင်း သိရ သည်။ ချွေးပေါက်များ မပါရှိ လာခဲ့သော ယခုအခါ အသက် ၁၄ လရှိပြီ ဖြစ် သည့် လူ ခြောက်သိန်းတွင်မှ တစ်ဦး ဖြစ်နိုင်ပြီး အသက်ရှင် သရွေ့ ခံစားနေရမည့် Lamellar ichthyosis ရှားပါး ရောဂါ ကပ်ပါ လာခဲ့ကြောင်း ဆရာဝန်များ က ပြောကြား ခဲ့သည်။ ချွေးပေါက်များ မပါရှိခဲ့၍ ချွေး မထုတ်နိုင်ခြင်း၊ အရေပြားမှ တစ်ဆင့် ကိုယ်တွင်း အပူ မထုတ်နိုင်ခြင်း ကြောင့် ငါးကြေးခွံ ကဲ့သို့ အရေခွံများ ထွက်ပေါ် လာပြီး လက် နှင့် ခြေထောက် များပေါ်တွင် ဖုံးလွှမ်း ခဲ့သည်ဟု သိရ သည်။ 'ငါးကလေး'ဟု ဒေသခံများ ကခေါ်ဝေါ်သော Sheng သည် ကိုယ် အမြဲပူလောင်နေခြင်းကြောင့် ၄င်း၏ မိဘများက ရေခဲတုံးများ ပေါ်တွင် ထားရှိ၍ ကိုယ် အပူချိန်ကိုချိန် ညှိပေး ရကြောင်း၊ Sheng ၏ နားရွက်များနှင့် နှုတ်ခမ်းသည်လည်း ကွဲအက်ခဲ့ပြီး သွားများနှင့် မျက်ခုံး မွေးများလည်း မပေါက်ဘဲ ကိုယ်ခန္ဓာပေါ်တွင် အမွေး အမှင် မရှိကြောင်းလည်း သိရသည်။
''သားလေးက တစ်ချိန်လုံးနာ ကျင်မှုခံစားနေရတယ်။ တကယ်လို့ ရေခဲမလောက်ဘူးဆိုရင် သားလေး ဖျားတော့တာပဲ'' ဟု အဖေဖြစ်သူ Song Dehui က ရင်ဖွင့်ခဲ့သည်။
၆ . ၃ . ၂၀၁၀ l Eleven Media
''သားလေးက တစ်ချိန်လုံးနာ ကျင်မှုခံစားနေရတယ်။ တကယ်လို့ ရေခဲမလောက်ဘူးဆိုရင် သားလေး ဖျားတော့တာပဲ'' ဟု အဖေဖြစ်သူ Song Dehui က ရင်ဖွင့်ခဲ့သည်။
၆ . ၃ . ၂၀၁၀ l Eleven Media
|

0 comments:
Post a Comment