
ဘဏ်လုပ်ငန်း ဆိုင်ရာ အသုံး ပြုခြင်းမှာ ၁၂ ရာခိုင်နှုန်းဖြင့် ဒုတိယ အနည်းဆုံး ဖြစ်ပြီး လေလံ တင်ခြင်း အတွက် အသုံးပြုသူမှာ ၁၃ ရာခိုင်နှုန်းဖြင့် တတိယ အနည်းဆုံး ဖြစ်နေကြောင်း လည်း ယင်းစစ်တမ်း ကဆိုပါသည်။ ထို့ပြင် ဝက်ဘ် စာမျက်နှာမှား ဖတ်ရှုခြင်းမှာ ၆၇ ရာခိုင်နှုန်း၊ မိမိ ဝါသနာ ပါရာ အသုံးပြု ခြင်းမှာ ၆၃ ရာခိုင်နှုန်း၊ ထုတ်ကုန် ပစ္စည်းများ၏ သတင်း အချက် အလက်ကို ကြည့်ရှု ခြင်းမှာ ၆၂ ရာခိုင်နှုန်း ရှိကြောင်း လည်းသိ ရသည်။ “ ပြည်တွင်းမှာ အင်တာနက် ကဖေးတွေ အပါ အဝင် အင်တာ နက်ချိတ်ဆက်အသုံးပြုသူ ငါးသောင်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ အင်တာနက် ချိတ်ဆက်မှု တစ်ခုမှာ အင်တာနက် အသုံးပြုသူပေါင်း နှစ်ဦး၊ သုံးဦးနဲ့ အထက် ရှိပါတယ်။ အဲဒီတော့ ပြည်တွင်း အင်တာနက် သုံးစွဲသူ အရေ အတွက်က တစ်သိန်း ခွဲလောက် ရှိနိုင်တယ်လို့ ခန့်မှန်း ပါတယ်” ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ “အင်တာနက် အသုံး ပြုသူတိုင်း လိုလို မှာ အီးမေးလ် account လေးတွေ ရှိတတ်ပြီး အင်တာနက် ဆိုင်မှာ လာသုံးပြီ ဆိုရင် ကိုယ့်အီးမေးလ် ကိုအရင်ဖွင့် တတ်ကြတယ်။ အီးမေးလ် သုံးတာ များတယ် ဆိုပေမယ့် အဓိက သုံးတာက ဂျီတော့ခ် နဲ့ Chat ကြတာပါ။ Chat room တွေထဲမှာ ဝင် Chat တာ မျိုး နည်းသွားပြီး အများစုက ဂျီမေးလ်တို့၊ လူမှု ကွန်ရက် ဝက်ဘ်ဆိုက် တွေကနေ တစ်ဆင့် Chat ကြတာမျိုးပါ”ဟု အင်တာနက် ကဖေး ဖွင့်လှစ် ထားသူ တစ်ဦးက ရှင်းပြ ခဲ့ကြောင်း ၂၀၁၀ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာ နယ်တွင် ဖော်ပြ ထားသည်။
၂၇ . ၃ . ၂၀၁၀
|

0 comments:
Post a Comment